ဒီနေ့ ညပိုင်း မန္တလေးမှာ အိန္ဒိယကောင်စစ်ဝန်းရုံးနားက စစ်ကောင်စီလုံခြုံရေးဂိတ်အပါအဝင်နေရာအချို့မှာ ပေါက်ကွဲမှုတွေဖြစ်ခဲ့တယ်လို့ဒေသခံတွေဆီကသိရပါတယ်။
ချမ်းမြသာစည်မြို့နယ် ၁၀၂ လမ်းနဲ့ ၆၅ လမ်းမှာရှိတဲ့ အိန္ဒိယကောင်စစ်ဝန်ရုံး နားက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လုံခြုံရေးဂိတ်ဟာ ညပိုင်း ၈ နာရီလောက်မှာ ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

အဲဒီပေါက်ကွဲမှုမတိုင်ခင် ည ၇ နာရီခွဲခန့်ကအောင်မြေသာစံမြို့နယ် တရားရုံး ဗုံးပစ်ခံရပြီး တရားရုံးမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့အပြန်အလှန်ပစ်ခတ်မှုရှိခဲ့တယ်လို့သိရပါတယ်။
ဒါအပြင် ည ၈ နာရီလောက်မှာလည်း မဟာအောင်မြေမြို့နယ် အုပ်ချုပ်ရေးမှူးရုံး မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လုံခြုံရေးကင်း ပစ်ခတ်ခံရပြီး ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့သိရပါတယ်။
ဒီပေါက်ကွဲမှုနဲ့ပစ်ခတ်မှုတွေကို ဘယ်အဖွဲ့က လုပ်ဆောင်လဲဆိုတာ မသိရသေးပါဘူး။
