ဗန်းမောက်မြို့နယ်တွင် ဇွန်လကုန်ပိုင်းကစစ်ကောင်စီတပ်နှင့် KIA၊ PDF ပူးပေါင်းတပ်တို့တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်မှ ၅ ဦးသေဆုံးခဲ့ပြီး ၅ ဦးအရှင်ဖမ်းမိကာ ဖမ်းဆီးရမိသောစစ်သား ၅ ဦး၏ဓါတ်ပုံကိုဗန်းမောက်တော်လှန်ရေးအင်အားစုက ထုတ်ပြန်လိုက်သည်။
ဇွန် ၂၈ ညပိုင်းနှင့် ဇွန် ၂၉ မနက်ပိုင်းတွင် စီးမော် – သောင်ကြီး အနီး၌ အကြမ်းဖက်စစ်ကောင်စီတပ်များအား ကချင်လွတ်လပ်ရေးတပ်မတော်-KIA၊PDF ကသာတပ်ရင်း ၂ (ဗန်းမောက် PDF+အင်းတော်PDF) ၊ ဒေသခံကာကွယ်ရေးပူးပေါင်းတပ်များကတိုက်ခိုက်ခဲ့ရာ စစ်သား ၅ဦးသေဆုံးပြီး ငါးဦးအရှင်ဖမ်းမိခဲ့ကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်းထုတ်ပြန်ထားသည်။ KIA ၊PDF ပူးပေါင်းတပ်များဘက်မှ ထိခိုက်မှု တစုံတရာမရှိခဲ့ဟုသိရသည်။
ဗန်းမောက်မြို့နယ်အတွင်းဖြစ်ပွားသောတိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ ရှမ်းနီတပ်ဖွဲ့ (SNA)ပါဝသ်တိုက်ခိုက်ပေးသောတိုက်ပွဲများလည်းရှိကြောင်း ဒေသတွင်းသတင်းရင်းမြစ်များကပြောသည်။
ဖမ်းဆီးရရှိထားသော သုံ့ပန်းများကို NUG လမ်းညွှန်ချက်နှင့်အညီ ကောင်းမွန်စွာထိန်းသိမ်းထားပြီး အင်တာနက်အခက်အခဲကြောင့်နှင့် လုံခြုံရေးအခြေအနေတို့ကြောင့်ယနေ့မှ ဓါတ်ပုံထုတ်ပြန်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
