တနသာ်ရီတိုင်းရှိ ထားဝယ်၊ သရက်ချောင်းနှင့်ပုလောမြို့နယ်တို့တွင်ယခုရက်ပိုင်းတိုက်ပွဲများပြင်ထန်နေရာယနေ့ ထားဝယ်မြို့နယ်တစ်နေရာတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၀ ဦးကျော်ကို ဒေသခံကာကွယ်ရေးတပ်များကဖမ်းဆီးနိုင်ခဲ့ကြောင်းဒေသတွင်းသတင်းရင်းမြစ်ကပြောသည်။
စစ်ကောင်စီတပ်သည်ထားဝယ်-ထီးခီးလမ်းပိုင်းကိုဇူလိုင် ၄ ရက်မှစ၍ စစ်ကြောင်းထိုးလာရာဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ၊ KNDO တပ်ဖွဲ့တို့က ခုခံတိုက်ခိုက်နေရာ လယနေ့အခထိတိုက်ပွဲအနည်းဆုံး ၄ကြိမ်ဖြစ်ပွားခဲ့သည်။ ယနေ့ ထိုင်း-မြန်မာနယ်စပ်တစ်နေရာတွင်တိုက်ပွဲပြင်းထန်ခဲ့ပြီး KNDO နှင့် PDFပူးပေါင်းတပ်များကစစ်ကောင်စီတပ်သား ၁၀ ဦးကျော်ဖမ်းဆီးနိုင်ခဲ့ကြောင်း PDF နှင့်နီးစပ်သောသတင်းရင်းမြစ်အချို့ကပြောသည်။


ပုလောနှင့် သရက်ချောင်းမြို့နယ်တို့တွင်လည်းတိုက်ပွဲများပြင်ထန်နေရာ နှစ်ဖက်ကျဆုံးမှုများရှိနေသည်။ဇူလိုင် ၁၃ ရက်)မနက် ၅နာရီခွဲခန့်၌ ပုလောမြို့နယ်၊ပဝတ်ကုန်းတိုက်ပွဲတွင် KNDOဘက်မှာ ဗိုလ်တစ်ဦးနှင့်PDFတပ်ခွဲမှူးတစ်ဦးကျဆုံးခဲ့သည်ဟု ဒေသခံကာကွယ်ရေးတပ်များပြောသည်။
ပဝတ်ကုန်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ကသတင်းကြိုရပြီး လက်နက်အင်အားအသာဖြင့် လက်ဦးမှုယူတိုက်ခိုက်ခဲ့၍ ကျဆုံးခဲ့ခြင်း
ဖြစ်သည်။ စစ်ကောင်စီတပ်မှ သေဆုံး ဒဏ်ရာရမူကိုမသိရပေ။
ထိုပြင်သရက်ချောင်းမြို့တိုက်ပွဲတွင်လည်းတိုက်ပွဲများပြင်းထန်နေရာ ဇူလိုင်၁၂ ရက်က စစ်ကောင်စီတပ်ကားကို ဒေသခံPDF က မိုင်းခွဲတိုက်ခိုက်ရာ စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်းNUG ကထုတ်ပြန်သည်။
