စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ် တောင်ပိုင်း၌ တိုက်ပွဲ ၂ရက်ဆက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိ ခိုက်ရှိခဲ့ကြောင်း Banmauk Revolution က ဖော်ပြ သည်။
ဇူလိုင် ၁၂ရက်နှင့် ယမန်နေ့(ဇူလိုင် ၁၃ရက်)တို့၌ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF)ပူးပေါင်းအဖွဲ့က စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ဗန်းမောက်တောင်ပိုင်း ကော်တာရွာတွင် ဇူလိုင် ၁၂ရက်က စစ်ကောင်စီတပ်များနှင့် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ငါးဦး သေဆုံးသွားပြီး KIA၊ PDF ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်မှုမရှိဟု ဖော်ပြထားသည်။
ယမန်နေ့တွင် ဒယူးရွာအနီး သက်ကယ်တောင်၌ ထိတွေ့မှု ထပ်မံဖြစ်ပွားခဲ့ပြီး ယင်းတိုက်ပွဲ၌ စစ်ကောင်စီတပ်၏ သေဆုံးထိခိုက် အခြေအနေကို မသိရသေးဟု ဆိုသည်။
ဒေသတွင်း၌ စစ်ကောင်စီတပ်များ ဆက်ရှိနေ၍ ပြည်သူ လူထုများ သွားလာရာတွင် သတိဝိရိယထားပြီး ဂရုစိုက်သွားလာကြရန် အသိပေးထားသည်။
