စစ်ကောင်စီတပ်သားတစ်ဦးသည် ဗုံးနှစ်လုံးအပါအဝင် လက်နက်ခဲယမ်းအပြည်ွအစုံယူဆောင်လာပြီးစစ်တပ်ကိုစွန့်ခွာလာကာ မင်းတပ်ပြည်သူ့ကာကွယ်ရေတပ်CDFမင်းတပ်ထံ လာရောက်ပူးပေါင်း၍ CDMပြုလုပ်ခဲ့သည်။
ချင်းပြည်နယ် စစ်ကြောင်းတွင်ပါဝင်လာသည့်အရှေ့တောင်ပိုင်းစစ်ဌာနချုပ် ခမရ ၅၁၂မှ တပ်သား ဇင်လင်အောင်သည် CDF-Mindat ထံ ဇူလိုင် ၁၀ရက်က အလင်းဝင်လာခဲ့ခြင်းဖြစ်သည်။
“မနေ့က အလင်းဝင်တယ်။ သေနတ်ရော ကျည်ဆန်တွေရောပါတယ်။ဒီနေ့ လွတ်မြောက်နယ်မြေ အရောက်ပို့လိုက်ပြီ”ဟု CDF-Mindat တပ်ဖွဲ့ဝင်တစ်ဦးက ယနေ့(ဇူလိုင် ၁၁ရက်)ပြောသည်။
တပ်သား ဇင်လင်းအောင်က MA-1 သေနတ် တစ်လက်၊ကျည်ပေါက်သုံးခု၊ကျည် ၁၂၃တောင့်နှင့်ဗုံးသီးနှစ်လုံး ယူဆောင်လာကာ CDM ပြုလုပ်လာခြင်းဖြစ်သည်။
ထိုအပြင်ကရင်ပြည်နယ်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦး ယနေ့ အလင်းဝင်လာကာ ပြည်သူနှင့် ပူးပေါင်းလာသည်။ လက်ရှိဖြစ်ပွားနေသော ဥကရစ်ထစခန်းတိုက်ပွဲသို့ စစ်ကောင်စီတပ်က စစ်ကူပို့လိုက်သောတပ်သား ငါး ဦးသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA) ပူးပေါင်းတပ်ဆီ အလင်းဝင်ကာ CDM ပြုလုပ်ခြင်းဖြစ်သည်။
