မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီအဖွဲ့ဝင် မစ္စယန်ဟီးလီနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ ဒဲရစ်ချောလက်တို့ တွေ့ဆုံခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီတွေ့ဆုံမှုမှာ မြန်မာ့အရေးအတွက် အမေရိကန် ပြည်ထောင်စုရဲ့ ကတိကဝတ်တွေကိုကြားသိရတာ အားတက်စရာဖြစ်ခဲ့တယ်လို့ မစ္စယန်ဟီးလီက တွစ်တာကနေ အသိပေးထားပါတယ်။
မစ္စယန်ဟီးလီဟာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအစီရင်ခံစာတင်သွင်းသူအထူးကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့သူဖြစ်ပါတယ်။ အဲဒီနောက် ကုလသမဂ္ဂရေးရာ ကျွမ်းကျင်သူတွေနဲ့စုဖွဲ့ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီမှာ အဖွဲ့ဝင်အဖြစ် ပါဝင်သူလည်းဖြစ်ပါတယ်။
မစ္စယန်ဟီးလီနဲ့ ဒဲရစ်ချောလက်တို့ဟာ စစ်အာဏာသိမ်းမှုကို ရှုတ်ချထားသူတွေဖြစ်ပါတယ်။ဒါအပြင် NUG နဲ့ထိတွေ့ဆက်ဆံဖို့တိုက်တွန်းကြသူတွေလည်းဖြစ်ပါတယ်။
