စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ချင်းတွင်းမြစ် သလ္လာဝတီဇက်ဆိပ်တွင်ယနေ့နံနက် ၉ နာရီကျော်က စက်သုံးဆီတင် စက်လှေမီးလောင်ကျွမ်းမှုဖြစ်ပွားရာ ယခု ၁၁နာရီဝန်းကျင်အထိ ငြှိမ်းသတ်နေရဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။



ယနေ့(ဇူလိုင်လ၁၀ရက်)နံနက် ၀၉း၁၅ အချိန်ခန့်ကစတင်ကာ ဆီတင်ဖလက်ယာဥ်ကြီး(စက်လှေ)တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးသတ်ယာဥ်များဖြင့် ငြှိမ်းသတ်နေသော်လည်း နံနက် ၁ဝး၅၀ အချိန်ထိ ဆက်လက်လောင်ကျွမ်းနေဆဲဖြစ်ကြောင်း ဒေသခံများကပြောသည်။


မီးခိုးလုံးကြီးများကို မုံရွာမြို့တွင်းမှလည်း မြင်တွေ့ကြရပြီး မြစ်ဆိပ်အနီးဝန်းကျင် အဆောက်အအုံများအား မီးမကူးစေရန် ကြိုးစားငြှိမ်းသတ်နေသည်ဟု ဒေသခံတို့က ပြောသည်။
မီးမည်သို့စတင်လောင်ကျွမ်းခဲ့သည်ကိုလည်းမသနရသေးပေ။
