ချင်းတွင်းမြစ်ကြောအတွင်းရှိ ရွှေလှေ – အမြင့်ရေလက် ကြားအတွင်း ဖြတ်သန်းမောင်းနှင်ခြင်းမပြုရန် ချောင်းဦးမြို့နယ်တော်လှန်ရေးတပ် – Chaung U Revolution Army ထုတ်ပြန်သည်။
“အဲဒီရေလက်ကြားမှာက ကံကြီးကုန်း(ခွေးကုန်း)-ပျူရွာနဲ့ နီးတယ်။အခုက မိုးတွင်းရေတက်ချိန်ဖြစ်တာနဲ့ အဲဒီရွာထဲ ရေဝင်တယ်။ နောက်တစ်ခုက ဒီကောင်တွေက ပြည်သူစက်လှေတွေ သဘော်တွေကို မကြာခဏ ချောဆွဲတာလည်းရှိနေတယ်”ဟု CRA တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်က ချင်းတွင်း မြစ်ကြောင်းအသုံးပြုမှုများလာသည့်အတွက် ရေကြောင်းတိုက်ခိုက်ရေး ပြင်ဆင်နေမှုကြောင့် ပြည်သူ့စက်လှေများ ထိခိုက်မှုမရှိစေရန် ကြိုတင်သတိပေးခြင်းဟု၎င်းက ဆိုသည်။
ထို့ကြောင့် ပြည်သူ့စက်လှေ၊အမြန်ရေယာဥ်များးသည် ယင်းမြစ်လက်ကြားအတွင်း ဖြတ်သန်းမောင်းနှင်ခြင်းမပြုဘဲ ပင်မမြစ်ကြောမှ သွားလာကြရန် မေတ္တာရပ်ခံသည်။

အဆိုပါ မြစ်လက်ကြားတွင် လုံခြုံရေပစ္စည်းများ တပ်ဆင်ထားသောကြောင့် ဆင်ဖြူရှင်တံတား အောက်ဖက်နှင့်အမြင့်အထက်ဖက်တွင်ရှိသော အဖွဲ့အစည်းများ၊ပြည်သူများအနေဖြင့် အစုန်အဆန် မောင်းနှင်လာသောယာဥ်များကို ရွှေလှေ – အမြင့် မြစ်လက်ကြားသို့ မဝင်ရောက်စေရေးတားမြစ်ပေးရန် ချောင်းဦးမြို့နယ်တော်လှန်ရေးတပ်-CRA အဖွဲ့က အသိပေးသည်။
