ရန်ကုန် – မန္တလေး အမြန်လမ်း၌ ခရီးသည်ယာဉ်တစ်စီး တံတားဘေးချောက်အတွင်း ထိုးကျတိမ်းမှောက်ခဲ့ရာ ခရီးသည်တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကသတင်းထုတ်ပြန်သည်။
ဇူလိုင် ၁၀ရက် နံနက် ၆နာရီခန့်တွင် ရန်ကုန် – မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၄၅/၂) အနီး၌ ရွှေလရောင် ခရီးသည်တင်ယာဉ်လိုင်းမှကားတစ်စီး တိမ်းမှောက်မှုဖြစ်ခဲ့ခြင်းဖြစ်ပြီး လူညပ်နေကြောင်း သတင်းရရှိ၍ ဘောနတ်ကြီး ၊ဘောနီ ၊ ဘုရားကြီးနယ်မြေအမြန်လမ်းမီးသတ်စခန်းများမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်၌ လိုက်ပါလာသူ ခရီးသည် ၁၁ဦးအနက် တစ်ဦးသေဆုံးကာ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများကို ပဲခူးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က ဆိုသည်။
“ကားဆရာအိပ်ငိုက်သွားတာတဲ့ဗျာ။စိတ်မကောင်းပါဘူးဗျာ ။ဖြေးဖြေးမောင်းကြပါ မိုးတွေလဲရွာနေပါတယ်ဗျာ ။”ဟု ခရီးသွားတစ်ဦးက ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရေးသားထားသည်။
