ပြင်ဦးလွင်ခရိုင် PDF လေးဖွဲ့ မဟာမိတ်အဖြစ်ဖွဲ့စည်းလိုက်ပြီး စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းသည်အထိ ပူးပေါင်းတိုက်ခိုက်သွားမည်ဟု Red Wolves Of Mogok က ယနေ့(ဇူလိုင် ၉) အသိပေး ထုတ်ပြန်သည်။
အဆိုပါ တော်လှန်းရေးအင်အားစုများမှာ Red Wolves Of Mogok၊ People Defense Force Thabeikkyin၊ People Defense Force Singu၊ People Defense Force Pyin Oo Lwinတို့ဖြစ်ကြောင်း ဖော်ပြသည်။
“နယ်မြေထိစပ်မှုရှိပြီး အရင်ကနေ အတူတူပူပေါင်းနေထိုင်ပြီး လက်တွဲညီညီနဲ့လုပ်ငန်းဖော်ဆောင်နေကျသာပါဗျာ။ အခုမှသာ ထုတ်ပြန်ကြေညာချက်ထုတ်လိုက်ရခြင်းဖြစ်ပါတယ်”ဟု Red Wolves Of Mogokမှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
၎င်းတို့ မဟာမိတ်လေးဖွဲ့အနေဖြင့် တစ်ဖွဲ့နှင့်တစ်ဖွဲ့လိုအပ်သည့်အကူအညီများပေးကာ စစ်အာဏာရှင်စနစ်ကျဆုံးပြီး ဖက်ဒရယ်ဒီမိုကရေစီရရှိသည်အထိ ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဟု ယင်းမဟာမိတ်လေးဖွဲ့က ကတိပြုထားသည်။
