KNU တပ်မဟာ ၁ နယ်မြေ အတွင်း ခြောက်လတာကာလမှာ စစ်ကောင်စီတပ်နဲ့တိုက်ပွဲပေါင်း ၂၀၀ ကျော်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင် ၄၀၀ ကျော် သေဆုံးခဲ့တယ်လို့ KNU ကထုတ်ပြန်ပါတယ်။
တပ်မဟာ ၁ နယ်မြေ ဒူးသထူ( သထုံ) ခရိုင် ထဲမှာ ၂၀၂၂ ခုနှစ် ဇန်နဝါရီကနေ ဇွန်လအထိ ခြောက်လတာ ကာလအတွင်း စစ်ကောင်စီတပ်နဲ့တိုက်ပွဲပေါင်း ၂၀၉ ကြိမ်ဖြစ်ပြီး စစ်ကောင်စီဘက်က ၄၄၅ ဦးသေဆုံးကာ ၃၂၂ ဦး ဒဏ်ရာရတယ်လို့ KNU ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
KNU ဘက်ကတော့ ၇ ဦးကျဆုံးကာ ၈ ဦးထိခိုက်ဒဏ်ရာရတယ်လို့သိရပါတယ်။
ဒါအပြင် အဲဒီခြောက်လတာကာလအတွင်း KNU တပ်မဟာ ၁ ထံ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးရှိတယ်လို့ သိရပါတယ်။
