တော်လှန်ရေးခရီးကြမ်းအတွက် တာဝန်ထမ်းဆောင်ရန် ခရီးရှည်ထွက်ခဲ့ကြသော ရဲဘော်များ အခြေစိုက်စခန်းသို့ ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း သရက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့(ဇူလိုင် ၉)တွင် သိပေးထုတ် ပြန်သည်။
“မိမိတို့၏ ပြည်သူ့ကာကွယ်ရေးရဲဘော်များအားလုံး မိဘပြည်သူတို့၏အကူအညီများဖြင့် မိမိတို့နေရာများသို့ ဘေးမသီရန်မခဘဲ အဆင်ပြေချောမွေ့စွာ အားလုံးပြန် လည် ရောက်ရှိကြပါပြီ”ဟု ဆိုသည်။
တော်လှန်ရေးတိုက်ပွဲများအား အားမလျော့ဘဲ ဆက် လက်လျောက်လှမ်း ချီတက်သွားကြမည်ဟု ကတိသစ္စာပြုထားပြီး မိဘပြည်သူများ၏ အကူအညီ၊ မေတ္တာ၊ စေတနာထားမှုများကို အထူးကျေးဇူးတင်ရှိကြောင်းမှတ်တမ်းတင်အပ်ပါသည်ဟု ဖော်ပြထားသည်။
ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်က ပွင့်ဖြူမြို့နယ် မဲဇလီတံတားအနီး စစ်ကောင်စီတပ်နှင့် သရက် -ကံမပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ တော်လှန်ရေးရဲဘော် ၁၂ဦးကျဆုံးကာ သုံးဦးဖမ်းခံရပြီး ရဲဘော်အချို့သာ လွတ်မြောက်ခဲ့သည်။
အခြေစိုက်စခန်းသို့ ပြန်လည်ရောက်ရှိလာသောအထက်ပါ ရဲဘော်များမှာ ပွင့်ဖြူမြို့နယ်ထိတွေ့တိုက်ပွဲမှ လွတ်မြောက်ခဲ့သော ရဲဘော်များဟုတ်မဟုတ်ကိုမူ မသိရှိရသေးပေ။
