စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် တောင်လက်ဒေသတွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့်ပျူစောထီးများအား စောင့်ဆိုင်းတိုက်ခိုက်ရာ အကြမ်းဖက်စစ်သားနှစ်ဦးသေဆုံးကြောင်း မင်းကင်းနွေဦးတော်လှန်ရေးသတင်းစဉ်က ဖော်ပြသည်။
ယမန်နေ့( ဇူလိုင် ၈ရက်)က မင်းကင်းမြို့နယ် တောင်လက်ဒေသရှိ အရှေ့ကူလဲရွာမှ ပျူများနှင့် စစ်ကောင်စီတပ်များသည် အထက်စသာရွာ ဘက်သို့စစ်ကြောင်းထိုးလာခဲ့သည်။
ထိုစဥ် အသင့်စောင့်ဆိုင်းနေသော တောင်လက်ဒေသ ပကဖ အဖွဲ့များနှင့် မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ရင်း(၂)၊ တပ်ခွဲ(၂)တို့မှ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား နှစ်ဦးသေဆုံးကြောင်း မင်းကင်းနွေဦးတော်လှန်ရေးက အသိပေးသည်။
ထို့ကြောင့် ဘေးပတ်၀န်းကျင်ကိုရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်သားများ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြသည်ဟု ဆိုသည်။
မင်းကင်းမြို့နယ် တောင်လက်ဒေသတွင် ဇွန်လ ၂၉ရက်နေ့မှ စတင်ထိတွေ့မှုများ ဖြစ်ပွားနေပြီး ယနေ့အထိ စစ်ရေးတင်းမာမှုဆက်လက်ဖြစ်ပွားနေကြောင်း မင်းကင်းနွေဦးတော်လှန်ရေးက အသိပေးထားသည်။
