စစ်ကိုင်းတိုင်း၊အရာတော်-မြင်းမူလမ်းပိုင်းအားယနေ့နံနက်ပိုင်းမှစတင်ကာသွားလာခြင်းမပြုရန်အရာတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကမေတ္တာရပ်ခံသည်။
ယနေ့(ဇူလိုင်လ ၈ ရက်)နံနက်ပိုင်းတွင် အရာတော် – မြင်းမူလမ်းပေါ်ရှိ နမသင်း၊ သခွတ်ပင်လည်စသည့် ကျေးရွာများ အနီးတဝိုက်တွင်အကြမ်းဖက်စစ်ကောင်စီတပ်သားအင်အား ၅၀ ခန့်ကျေးရွာများအားအကြမ်းဖက်စီးနင်းဝင်ရောက်ပြီးစစ်ရေးလှုပ်ရှားလျက်ရှိကြောင်းအရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကအသိပေးသည်။
ပြည်သူများ၏ ဘေးကင်းလုံခြုံရေးအတွက်အဆိုပါ အရာတော် – ထီးဆောင်း – မြင်းမူ လမ်းအား ထပ်မံကြေညာချက်မထုတ်ပြန်မချင်း အသုံးမပြုကြရန် အရာတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က မေတ္တာရပ်ခံသည်။
အရာတော်ဒေသသည်အကြမ်းဖက်စစ်တပ်၏သတင်းအမှောင်ချ အင်တာနက် ဖြတ်တောက်ခံထားရသောကြောင့် ပြည်သူအချင်းချင်း သတင်းစကားပို့ပေးကြပါရန်အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မေတ္တာရပ်ခံထားသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း အရာတော်-မုံရွာလမ်းပိုင်းအား ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက လမ်းပိုင်းခေတ္တပိတ်ထားခဲ့ပြီး ဖြတ်သန်းသွားသည့် အကြမ်းဖက်စစ်တပ်ယာဥ်အချိူ့ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသေးသည်။
