▪️မကြာမီ စစ်ရေးတိုက်ခိုက်မှုများ မလွှဲမရှောင်သာ လုပ်ဆောင်တော့မည်ဟုဆို
ပြည်သူကိုငဲ့ညှာပြီး လက်လွှတ်လိုက်ရသည့် Mission များ ယခုဇူလိုင်လအတွင်း သုံးခုရှိပြီဖြစ်ပြီး မကြာမီ စစ်ရေးတိုက်ခိုက်မှုများအား မလွှဲမရှောင်သာ လုပ်ဆောင်ရတော့မည်ဟု ရန်ကုန်အခြေစိုက် UG အဖွဲ့တစ်ဖွဲ့ဖြစ်သည့် God’s Hand Force(GHF)က ယနေ့(ဇူလိုင် ၈)အသိ ပေးထုတ်ပြန်သည်။
အထူးသဖြင့် ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်း ပြည်သူကိုငဲ့ညှာပြီး စစ်ရေးတိုက်ခိုက် Mission သုံးခုအား လက်လွှတ်ခဲ့ရခြင်းဖြစ်သည်ဟု ဖော်ပြသည်။
“အကြာခင် စစ်ရေးအရ တိုက်ခိုက်မှုများကို မလွှဲမရှောင်သာ လုပ်ဆောင်တော့မည်ဖြစ်ပါ သည်။ သို့ဖြစ်ပါ၍ အသွားအလာအထူးဂရုပြုဆင်ချင်ကြပါရန် တောင်းပန်တိုက်တွန်းလိုက်ပါသည်”ဟု GHF က အသိပေးသည်။
မြို့ပြတိုက်ပွဲအတွက် God’s Hand Force (GHF) စတင်သန္ဓေတည်ကတည်းက မူလရည်ရွယ်ချက်သည် “မီးတောက်အကြီးကြီးမလာခင် ဒီမီးမသေရအောင် နိုင်သလောက်မီး ပျိုးပေးထားမယ် လုံးဝအုပ်ချုပ်ခွင့်မရစေရ”ဖြစ်သည်ဟု ဖော်ပြသည်။
ထို့ကြောင့် GHF အနေဖြင့် မည်သည့်အခြေ အနေတွင်မဆို ထိုရည်ရွယ်ချက်ကို မြို့ပြ၌ အကောင်အထည်ဖော်နေမည်ဖြစ်ပြီး ခြေသံလုံလုံဖြင့် ဆက်လက်လှုပ်ရှားနေမည်ဟု အသိပေးထားသည်။
GHF အဖွဲ့သည် ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်က အောင်မဂ်လာစစ်ဆင်ရေးခေါင်းစဥ်ဖြင့် ရန်ကုန်မြို့ သာကေတမြို့နယ်ရှိ ရေတပ်ဝန်းစစ်ဆေးရေးဂိတ်နှင့် ဒေါပုံမြို့သစ်ရပ်ကွက်မှ စစ်ကောင် စီတပ်၏ နှစ်ထပ်ဘန်ကာတို့ကို ဖောက်ခွဲတိုက် ခိုက်ခဲ့သည်။
