မန္တလေးတိုင်း မတ္တရာ(ပကဖ)စခန်း စီးနင်းခံရမှုတွင် ကျဆုံးခဲ့ရသော ရဲဘော်ဇီးတူး ကျဆုံးမှုအပေါ်တုန့်ပြန်သည့်အနေဖြင့် စခန်းနေရာအားသတင်းပေးခဲ့သူ စစ်ကောင်စီတပ်ထွက် ဒလန်တစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ဗိုလ်လင်းယုန် ဒေသကာကွယ်ရေးပြောက်ကျားတပ်က ယနေ့(ဇူလိုင် ၈) အသိပေးထုတ်ပြန်သည်။
ပစ်ခတ်ရှင်းလင်းခံရသူမှာ ဇွန်လ ၃ ရက်က မတ္တရာ (ပကဖ)စခန်းအား စစ်ကောင်စီတပ်၏ စီးနင်းခံရမှုတွင် သတင်းပေးခဲ့သော စစ်တပ်ထွက် အောင်မင်းထွန်းကို သေနတ်ဖြင့် ခြောက်ချက်ပစ်ခတ်ခဲ့သည်ဟု ဖော်ပြ သည်။
အောင်မင်းထွန်းအား အသေးစိပ်စုံစမ်းရာ စဥ့်ကူးမြို့နယ်၊ ခတက်ချဥ်ကျေးရွာအရှေ့ဘက် လက်ပံတော သစ်တောဂိတ်၌ ရှိနေကြောင်းသိရသဖြင့် ယနေ့နံနက် ၁၁ နာရီခန့်က ယင်းဂိတ်သို့သွားရောက်ပြီး ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ရဲဘော်(02)အတွက် အသက်သွေးကြေးပြန်တောင်းခဲ့သော ရွှေလက်ပိုက်ရှင်များလည်းလွတ်လပ်တဲ့နေရာတစ်ခုသို့ ရောက်ရှိပါကြောင်းအသိပေးအပ်ပါသည်”ဟု ဗိုလ်လင်း ယုန်တပ်ဖွဲ့က အသိပေးသည်။
ဒလန်သတင်းပေးမှုဖြင့် စီးနင်းခံခဲ့ရသော မတ္တရာ (ပကဖ)စခန်း စီးနင်းခံရမှုတွင် သပိတ်ကျင်းအခြေစိုက် ဗိုလ်လင်းယုန်တပ်ဖွဲ့မှ ဒုတိယခေါင်း ဆောင် ရဲဘော်ဇီးတူးသည် အခြားညီနောင်ရဲ ဘော်များ ဘေးလွတ်ရာရှောင်တိမ်းနိုင်ရန် အသက်စတေး၍ ခုခံတိုက်ခိုက်ခဲ့သော တော် လှန်ရေးအာဇာနည်တစ်ဦး ဖြစ်သည်။
တိုင်းပြည်နှင့်လူမျိုးအတွက် မြင့်မြစွာကျဆုံးခဲ့သော် ရဲဘော်ဇီးတူးအား ကောင်းမွန်စွာသဂြိုဟ်ခြင်းနှင့် အမိန့်ပြန်တမ်းထုတ်ပြန်သည့်အခမ်း အနားကို ဇွန်လ ၉ ရက်က ကျင်းပခဲ့သည်။
