တမူးမြို့တွင် အိန္ဒိယနိုင်ငံသားနှစ်ဦးကို PDFက ပစ်သတ်ခဲ့သည်ဟု စစ်ကောင်စီပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားချက်သည် မှားယွင်ပြီး အိန္ဒိယနိုင်ငံ
သားနှစ်ဦးကို တမူး ပျူစောထီးအဖွဲ့ခေါင်းဆောင်မောင်လေးဝင်းက အမိန့်ပေးပြီး ဖိုးစိန်နှင့်ရဲဇော်တို့ကသေနတ်ဖြင့်အနီးကပ် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်းတမူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ကအဂ်လိပ်ဘာသာဖြင့်ထုတ်ပြန်သည်။
စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများ ပစ်သတ်ခဲ့ခြင်းကို PDFလုပ်သယောင် မဟုတ်မမှန်ပြောကြားခြင်းသည် နှစ်နိုင်ငံ ပြည်သူများအကြား PDFအပေါ်အမြင်လွှဲမှားစေရန် စစ်ကောင်စီကလုပ်ကြုံဖန်တီးခြင်းသာဖြစ်ကြောင်း PDF(တမူး)ကတုံ့ပြန်သည်။

အိန္ဒိယနိုင်ငံသားများဖြစ်သည့် အသက် ၃၅ နှစ်အရွယ် အိုင်ယာနားနှင့် အသက် ၂၈ နှစ် အရွယ် မိုဟန်တို့ကို တမူးမြို့တွင် ဇူလိုင် ၅ ရက် နေ့လယ်ပိုင်းက တမူးမြို့လယ်ရှိ ပျူစောထီးများရှိနေသောစစ်ရေးဂိတ်တွင်ပျူစောထီးနှစ်ဦးကဦးခေါင်းကိုပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။ ၎င်းတို့၏ ရုပ်အလောင်းများကိုစစ်ကောင်စီတပ်ကပြန်မပေးသဖြင့် ပြန်ပေးရန် အိန္ဒိယ-မြန်မာ နယ်စပ်မြို့ မိုးရေးမြို့တွင် ဇူလှိုင် ၆ ရက်က အင်အား ၂၀၀ ဖြင့် ဆန္ဒပြခဲ့သည်။
ထိုပစ်ခတ်မှုကို PDFများက ဆောင်ရွက်ခြင်းဖြစ်သည်ဟု အကြမ်းဖက်စစ်ကောင်စီမှဗိုလ်ချုပ်ဇော်မင်းထွန်းက ဇူလိုင် ၇ ရက်ကစစ်ကောင်စီဝါဒဖြန့်မီဒီယာများတွင်ပြောကြားလာခြင်းဖြစ်သည်။ ရုပ်အလောင်းများကိုလည်းဇူလိုင် ၆ ရက်မနက်ပိုင်းက မီးရှို့ သင်္ဂြိုလ်ပြီးဖြစ်ကြောင်းလည်းဇော်မင်းထွန်းကပြောသည်။
“သူတို့လုပ်ထားလို့ အလောင်းဖျောက်တာ သိသာနေတာဘဲ။ သူတို့လုပ်ပြီး PDFကို လွှဲချနေတာ”ဟု တမူးမြို့ခံတစ်ဦးကပြောသည်။
ထိုသို့ အိန္ဒိယနိုင်ငံသားနှစ်ဦး သတ်ခံရခြင်းကြောင့် နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေးဂိတ်လည်း ပိတ်သွားပြီး မဏိပူရ်ပြည်နယ်၊ တင်နိုပယ်ခရိုင် အုပ်ချုပ်ရေးမှူးက မြန်မာဘက်ကို မလိုအပ်ဘဲ ခရီးမသွားရန် တားမြစ်ထားသည်။ ယခုအခါတမူးမြို့မှ စစ်ဘေးရှောင်များမှာလည်း အခက်အခဲဖြစ်နေပြီး နေအိမ်ပြင်ပသို့ မထွက်ရန် အချင်းချင်း သတိပေးနေရသည်ဟုလည်း ဒေသခံများကပြောသည်။
