မန္တလေး အိုးဘိုအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတွေကို မြင်းခြံထောင်ဆီ အာဏာသိမ်းစစ်ကောင်စီက ပြောင်းရွှေ့နေတယ်လို့သိရပါတယ်။
တော်လှန်ရေးကာလအတွင်း မန္တလေးတိုင်းအတွင်းက သတင်းတွေကို စုစည်းဖော်ပြတဲ့ သပြေညိုသတင်းလွှာရဲ့ဖော်ပြချက်အရ ဇူလိုင်လ ၃ ရက်နေ့မှာနိုင်ငံရေးအကျဉ်းသူ၊အကျဉ်းသား ၈၀ ဦးကို မြင်းခြံထောင် ဆီ အတင်းပြောင်းရွှေ့လိုက်တယ်လို့သိရပါတယ်။
ပြောင်းရွှေ့ခံရသူ ၈၀ ဦးထဲမှာ အမျိုးသမီး ၂၀ ဦးပါဝင်ပါတယ်။ ဒီလို ပြောင်းရွှေ့လိုက်သူတွေထဲကအချို့ကို ရဲဘက်စခန်းဆီ ထပ်မံပြောင်းရွှေ့ဦးမယ်လို့ဆိုတဲ့သတင်းတွေလည်းထွက်နေပါတယ်။
ပြီးခဲ့တဲ့ လပိုင်းတွေကလည်း ရန်ကုန် အင်းစိန်ထောင်က နိုင်ငံရေးအကျဉ်းသားတွေကို နယ်ထောင်တွေဆီ စစ်ကောင်စီက ပြောင်းရွှေ့တာမျိုးလုပ်ခဲ့တာရှိပါတယ်။
