နွေဦးတော်လှန်ရေးကာလအတွင်း နိုင်ငံရေးအမှုတွေနဲ့ ဖမ်းဆီးခံရသူတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ မန္တလေးက ရှေ့နေ ၂ ဦးကို စစ်အုပ်စုက မနေ့က ထပ်မံဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။
စစ်အုပ်စုရဲ့ ဖမ်းဆီးခံလိုက်ရသူ ၂ ဦးဟာ ရှေ့နေ ဦးအောင်မင်းသူနဲ့ ရှေ့နေ ဒေါ်သန်းသန်းလွင်တို့ ဖြစ်တယ်လို့ တရားရေးအသိုင်းအဝိုင်းကဆိုပါတယ်။
နေအိမ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက် ဖမ်းဆီးသွားတာလို့သိရပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဇွန်လ ကုန်ပိုင်းက အိုးဘိုထောင်တွင်းတရားရုံးကနေ အမှုစစ်ပြန်လာတဲ့ ရှေ့နေ ၃ ဦးကို ဖမ်းဆီးထားတာရှိပါတယ်။
ရှေ့နေ တွေကို ပစ်မှတ်ထားဖမ်းဆီးထားတာကြောင့် မန္တလေးမှာ စစ်အုပ်စုရဲ့ ဖမ်းဆီးတာခံရတဲ့ရှေ့နေ ၁၅ ဦးထိ ရှိလာပါပြီ။
