စစ်ကိုင်းတိုင်း ကနီမြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ လမ်းညွှန်ချက်များနှင့်အညီ CDM မီးသတ်ဝန်ထမ်းများ ပူးပေါင်း၍ အခြေခံမီးသတ်သင်တန်းများ ပေးနေကြောင်း သိရသည်။
အခြေခံမီးသတ်သင်တန်း အပတ်စဉ် (၁)ကို ယခုနှစ် ဧပြီက ဖွင့်လှစ်ခဲ့၍ ယင်းသင်တန်းကို (၁၅)ရက်ကြာ သင်တန်းပေးခဲ့ပြီး ကနီမြို့နယ်အတွင်း ကျေးရွာပေါင်း (၂၇) ရွာမှ ဒေသခံ တော်လှန်ပြည်သူ ၄၀ဦး တက်ရောက်ခဲ့သည်။




သင်တန်း၌ အခြေခံမီးငြိမ်းသတ်နည်းများ၊ စက်ကြီး၊စက်ကလေးသင်ခန်းစာများနှင့် မီးသတ်စစ်ရေးပြခြင်းများကို သင်ကြားပြသခဲ့ကြောင်း ၊ ဆက်လက်၍ NUG အစိုးရ၏ ညွှန်ကြားချက်နှင့်အညီ အခြေခံမီးသတ်သင်တန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နယ်မြေမငြိမ်သက်မှု စစ်ရေးအခြေအနေအရ အခြေခံ မီးသတ်သင်တန်းအပတ်စဥ် (၂)ဆက်လက်ပေးရန် ကြိုးပမ်းလျက်ရှိကြောင်း ကနီမြို့နယ် CDM မီးသတ်တာဝန်ခံက ဆိုသည်။
