မန္တလေးမြို့အခြေစိုက် မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်သော DRM Rangers Mandalay — PDF မှ ရဲဘော်အချို့ အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခံလိုက်ရကြောင်း DRMက အသိပေးထုတ်ပြန်သည်။
“ကျွန်တော်တို့ DRM အဖွဲ့ဝင်တချို့သည် Jun 27 နေ့ ညနေ 7:00 PM ခန့်တွင်စစ်အုပ်စု၏ မတရားဖမ်းစီးခြင်းကို ခံခဲ့ရပါသည်”ဟု ဖော်ပြထားသည်။
ထို့ကြောင့် ကျန်ခဲ့သည့် ရဲဘော်များမှာလည်း လုံခြုံရေးအရတိမ်းရှောင်နေရသဖြင့် Missionများအား ခတ္တရပ်နားခြင်းကို ညှိုးငယ်စွာ အသိပေးအပ်ပါသည်ဟု DRMက ဆိုသည်။
“ကျွန်တော်တို့ပြည်သူတွေနဲ့ ရဲဘော်တွေအတွက် DRMပြန်လာခဲ့ပါမယ်”ဟု DRM က အသိပေးထားသည်။
ယမန်နေ့(ဇွန် ၂၇)နံနက်ပိုင်းက ပြင်ဦးလွင် – မန္တလေးလမ်းပိုင်း သမ္မတောကျေးရွာအနီးတွင် အစီးရေရှစ်စီးပါ စစ်ကောင်စီတပ်ယာဥ်တန်းကို DRM နှင့် ညီနောင်မဟာမိတ်အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားသုံးစီးမိုင်းထိကာ စစ်ကောင်စီတပ်သားသုံးဦးသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့သည်။
