တောင်ကိုရီးယားနိုင်ငံ၊ အူဆန်မြို့တွင် ဒယ်ဂူးဆရာတော်ဦးဆောင်၍ အကြမ်းဖက် စစ်ကောင်စီကျရှုံးရေး ဆန္ဒပြပွဲနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ထောက်ခံပွဲကို ယနေ့ (ဇူလိုင် ၃) ၌ ပြုလုပ်ခဲ့ကြသည်။


ယင်းဆန္ဒပြပွဲကို တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများအပြင် မြန်မာ့ဒီမိုကရေစီအရေးကို စိတ်ဝင်စားသည့် တောင်ကိုရီးယား နိုင်ငံသားများလည်း ပါဝင်ခဲ့ကြောင်း သိရသည်။
ဆန္ဒပြသူများက “We Support NUG” ၊ “We Support PDF” အစရှိသည့် စာသားများကို ကိုင်ဆောင်ပြီး အကြမ်းဖက်စစ်တပ် ကျရှုံးရေးအတွက် သံပုံးများတီး၍ ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။
