ဒီနေ့မှာ မန္တလေးမြို့ရှိ အဓိကလမ်းမကြီးတွေအပြင် လမ်းသွယ်နေရာတွေမှာပါ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အစစ်အဆေးကြမ်းနေတယ်လို့သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ ယာဉ်ထိန်း၊ ရဲ၊ အုပ်ချုပ်ရေးမှူးအဖွဲ့တွေက လမ်းမပေါ်သွားလာနေသူတွေ ကို ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်၊ မှတ်ပုံတင်နဲ့ သယ်ဆောင်လာတဲ့ပစ္စည်းတွေကိုပါ စစ်ဆေးတာလို့ သိရပါတယ်။
“ဆိုင်ကယ်ဆိုရင် Tool Box တွေ ဖွင့်ကြည့်တယ်၊ ကားဆို နောက်ဖုံးတွေအကုန်လှန်ကြည့်တာ၊လိုင်စင်မပါရင်တော့ တစ်ခါတည်းသုံးသောင်းဆောင်ခိုင်းတယ်”လို့ ကိုယ်တွေ့ကြုံခဲ့သူတစ်ဦးကပြောပါတယ်။
စစ်အုပ်စုဟာ မြို့အဝင် ၁၆မိုင်ဂိတ်မှာလည်း အရပ်ဝတ်တွေနဲ့ စစ်ဆေးနေတယ်လို့သိရပါတယ်။
မန္တလေးမှာ ဒီရက်ပိုင်းလုံခြုံရေးတင်းကြပ်ထားသလို အိုးဘိုထောင်တွင်းတရားရုံးကနေ ပြန်လာတဲ့ ရှေ့နေ ၃ ဦးလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက ဖမ်းဆီးခံခဲ့ရတာတွေရှိနေပါတယ်။
