သေဘောဘိုးကျေးရွာထဲကို ဒီကနေ့ ဇူလိုင် ၁ ရက် ည ၇ ရီအချိန်မှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်လို့ အရပ်သားနှစ်ဦး သေဆုံးသွားခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။

ကေအဲန်ယူ-ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေ ကော်တရီမြို့နယ်အတွင်းရှိ သေ့ဘောဘိုးရွာထဲကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ဗုံးကြဲချသွားခဲ့ပြီး ပြည်သူ ၂ ဦးသေဆုံးခဲ့ကာ ကျောင်းသားကျောင်းသူတွေအပါအဝင် ပြည်သူ ၆ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့တာပါ။


ဒီလို စစ်ကောင်စီက စစ်ဖက်ဆိုင်ရာနဲ့ မသက်ဆိုင်တဲ့ အပြစ်မဲ့ ပြည်သူတွေနေထိုင်ရာ ကျေးရွာအတွင်းကို လေကြောင်းတိုက်ခိုက်တဲ့အပေါ် ပြင်းထန်စွာ ရှုံ့ချပြီး၊ တိုက်ခိုက်မှုနဲ့သက်ဆိုင်သူအားလုံး တာဝန်ယူရမှာဖြစ်တယ်လို့ ကော်ဘရာစစ်ကြောင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
