ဖယ်ခုံမြို့နယ်တွင်စစ်ကောင်စီတပ်ထောင်ထားသည့် မိုင်းများထဲမှအချို့ကို သွားရောက်ရှင်းလင်းခဲ့ပြီး ကျန်ရှိနိုင်သေးသဖြင့်ပြည်သူများသွားလာပါကသတိထားကြရန်ဖယ်ခုံ PDF ကထုတ်ပြန်သည်။
ယနေ့(ဇူလိုင် ၁ ရက်)က ဖယ်ခုံမြို့နယ်၊ ခေါင်းအိရွာသစ် အရှေ့ဖက် ဘုရားကုန်းနှင့် တောင် ကုန်းတလျောက်တွင် စစ်ကောင်စီတပ်က မိုင်းအမြောက်အများ ထောင်ထားခဲ့သည်ဟု ဆို သည်။
“မိုင်းတချို့ကို သွားရောက်ရှင်းလင်းနိုင်ခဲ့သော်လည်းများစွာ ကျန်ရှိနေနိုင်သဖြင့်မိဘပြည်သူများအသွားအလာကရုစိုက်ကြပါရန်သတိပေးအပ်ပါတယ်”ဟုဖယ်ခုံPDFကပြောသည်။

ဇွန် ၁၃ရက်ကစ၍စစ်ကောင်စီတပ်ကခေါင်းအိရွာသစ်အပါအဝင် ဖယ်ခုံအင်းအရှေ့ခြမ်း ဆောင်းနန်းခဲ၊လွယ်ပေါ၊နန်းပေါ်လုံ၊နန်းဆွန့်၊ပိန္နဲကုန်း၊မခေခမ်း၊လဟယ်ကျေးရွာများ စစ် ကြောင်းထိုးဝင်လာခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့်နယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်များအပါအဝင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်နှင့်အကြမ်းဖက်စစ်ကောင်စီတပ်တို့ မကြာခဏ တိုက်ပွဲများဖြစ်ပွားနေသည်။

စစ်ရှောင်ပြည်သူများ၏နေအိမ်အဆောက်အဦးများမီးရှို့ခံရသည့်အပြင်ကိုင်းရှည်စက်၊ထော်လာဂျီ၊ဆိုင်ကယ်၊မြေသြဇာနှင့်ပြောင်းမျိုးအိတ်များပါမကျန် ညောင်ရွှေမြို့နယ် ဘက်သို့ စစ်ကောင်စီ နှင့် PNO ပြည်သူ့စစ်တို့ ပူးပေါင်း၍ ယူဆောင် နေကြောင်းလည်း သိရသည်။
