ဝိုင်းမော်မြို့နယ် အောင်မြေ (၂)ကျေးရွာတွင် KIA အရာရှိ တစ်ဦးကို စစ်ကောင်စီလက်အောက်ခံ ပြစ်သူ့စစ်တပ်ဖွဲ့ဝင်များက ဇွန်လ ၂၂ရက်တွင် ဝိုင်းဝန်းပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“မူးယစ်ဆေးဝါး ရောင်းဝယ်တဲ့ လူတွေကို ဖမ်းတယ်တဲ့ ။အဲဒါ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားတဲ့ သူတွေကို ဖမ်းတာကို ပြည်သူ့စစ်တွေက ပြန်ပြီးမှ လိုက်ပစ်လို့ အခုလိုမျိုးကျဆုံးသွားတယ်လို့ ပြောတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပြီး အခြားမှတ်ချက်ပေးရန်မရှိဟု ဆိုသည်။
ကချင်သတင်းဌာန KNG၏ ဖော်ပြချက်အရ KIA က မူးယစ်ဆေးဝါး ရောင်းဝယ်နေသူ နှစ်ဦးကို ဖမ်းဆီးခဲ့ရာ တစ်ဦးက လွတ်မြောက်သွားကြောင်း၊ လွတ်မြောက် သွားသူက ပြည်သူ့စစ်တပ်ဖွဲ့ကို သွားရောက်တိုင်တန်းရာ ယင်းပြည်သူ့စစ်က KIA တပ်ဖွဲ့က မူးယစ်ဆေးတရားခံအား စစ်ဆေးနေသည့် နေအိမ်သို့ ဝိုင်းဝန်း ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ ထိုသို့ ပစ်ခတ်မှုကြောင့် KIA အရာရှိ ကျဆုံးခဲ့ရသည်ဟု ဖော်ပြထားသည်။
