ကရင်အမျိုးသားအစည်းအရုံး(KNU)သထုံခရိုင် ဘီးလင်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းကို ကရင်အမျိုး သားအစည်းအရုံး(KNU) လက်အောက်ခံ တပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ် ပူးပေါင်း အဖွဲ့က သွားရောက် တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ထိခိုက်မှုများရှိခဲ့သည်ဟု Black Warriors Force(PDF)က သတင်းထုတ်ပြန်သည်။
KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်အမျိုးသားများကာကွယ် ရေးတပ်(KNDO)နှင့် BWF(PDF)ပူးပေါင်းတပ်ဖွဲ့ဝင်များက ဘီးလင်းမြို့နယ်ရှိ လေးကေတပ်စခန်းကို ဇွန်လ ၂၂ရက်က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဖက်မှ လေးဦထိခိုက်ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။
အာဏာသိမ်းစစ်ကောင်စီဘက်ကလည်း ပြည်သူလူထုများနေထိုင်ရာ မင်းစောကျေးရွာအတွင်းသို့ လက်နက် ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ထိခိုက်မှုများရှိခဲ့၍ စိတ်မကောင်းဖြစ်ရကြောင်း ဖော်ပြထားသည်။
