တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ရေဖြူမြို့နယ် ပုဂေါဇွန်းရွာနှင့် မင်းဒပ်ကျေးရွာကြား၌ မူးယစ်ဆေးဝါးဂိုဏ်းတစ်ခုဝင်ရောက် ဖမ်းဆီးနိုင်ခဲ့ကြောင်း ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။
ဖြစ်စဥ်မှာ ယမန်နေ့(ဇွန် ၂၃ ရက်) ညနေ ၃နာရီခန့်တွင် အဆိုပါမူးယစ်ဂိုဏ်းအားဝင်ရောက်စီးနင်းရာ WY စိတ်ကြွရူးသွပ်ဆေးပြား ၁,၂၀၀ ပြား၊အိုက်စ် ၁၆တောင့် ၊ အထုပ် ၃ထုပ်အပါအဝင် ဟန်းဖုန်း ခုနစ်လုံး၊ ပုဆိန် နှစ်လက် ပူးတွဲပုံပါ ပစ္စည်းများအပါအဝင် ငွေသား ၉၅၂,၉၀၀ကျပ်(ကိုးသိန်းငါးသောင်းနှစ်ထောင့်ကိုးရာကျပ်)ကို သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။


သိမ်းဆည်းရမိသော WY စိတ်ကြွရူးသွပ်ဆေးပြား ၁,၂၀၀နှင့် အိုက်စ် ၁၆တောင့် အထုပ်သုံးထုပ်ကို ပြည်သူ့ရဲဘော်များက မီးရှို့ဖျက်ဆီးခဲ့သည်။
သိမ်းဆည်းရမိသော ငွေသားများကို တော်လှန်ရေးအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း အသိပေးသည်။
