စစ်ကိုင်းတိုင်းရှိ အင်းတော် – ဗန်းမောက်လမ်းပိုင်းအား မနက်ဖြန် နံနက် ၆နာရီအထိ ဖြတ်သန်းသွားလာခြင်းမပြုရန် အရေးပေါ်ကြေညာလိုက်ကြောင်း Indaw Revolutionက ဖော်ပြသည်။
ယနေ့ (ဇွန်လ ၂၄ရက်) နံနက် ၆နာရီမှ ဇွန်လ ၂၅ရက် နံနက် ၆နာရီအထိ “အင်းတော် – ဗန်းမောက် “ကားလမ်းအား သုံးဘီး ၊ ဆိုင်ကယ် ၊ ကား စသည့် မည်သည့်ယာဉ်မှ ဖြတ်သန်းသွားလာခြင်းမပြုရန် ဖော်ပြထားသည်။
စည်းကမ်းမလိုက်နာပဲ တစ်စုံတစ်ရာဖြတ်ပွားခဲ့ပါက ဒေသကာကွယ်ရေးအဖွဲ့မှ လုံးဝတာဝန်ယူမည်မဟုတ်ဟုလည်း ထုတ်ပြန်ခဲ့သည်။
အင်တာနက်လိုင်းရသည့်ပြည်သူများ အနေဖြင့် အချင်း ချင်း ဖုန်းဖြင့်သော်လည်းကောင်း အခြားနည်းဖြင့် လည်းကောင်းဆက်သွယ် သတိပေးထားကြရန် ဖော်ပြထားသည်။
အင်းတော်ဒေသတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့(PDF) ပူးပေါင်းတပ်များက စစ်ကောင်စီတပ်များကို မကြာခဏ တိုက်ခိုက်လျက်ရှိသည်။
