တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် လယ်သစ်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ် ရေးတပ်တို့ကြား နှစ်ရက်ဆက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား လေးဦးသေဆုံးခဲ့ကြောင်း Tanintharyi Defense Force က သတင်းထုတ်ပြန်သည်။
စစ်ကောင်စီနှင့် ဒေသခံကာကွယ်ရေးတပ်တို့ကြား ဇွန် ၁၆ ရက်နှင့် ယနေ့ (ဇွန် ၁၇ ရက်)တို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီတပ်များ စစ်အင်အားတိုးမြှင့်ထားခြင်းကြောင့် တိုက်ပွဲများပြင်းထန်လာနိုင်လာ၍ ကျေးရွာဒေသခံပြည်သူများအနေဖြင့် ဘေးလွတ်ရာရှောင်နေကြရန်လည်း ပြည်သူ့ကာ ကွယ်ရေးအဖွဲ့က သတိပေးထားသည်။
ယမန့်နေ့(ဇွန် ၁၆ ရက်) ညနေ ၃ နာရီမှ ညနေ ၅နာရီအထိလယ်သစ်ရွာအနီးရှိ ကုလားသေတောင်တွင် စစ်ကောင်စီတပ်နှင့်တနင်္သာရီ ပြည်သူ့ကာကွယ်ရေး ပျောက်ကျားတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။
ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်များဘက်မှ ရဲဘော်တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ယနေ့ နံနက်တွင် ဖြစ်ပွားသည့် တိုက်ပွဲအခြေအနေကို အသေးစိပ်မရှိရသေးကြောင်း ဒေသခံကာကွယ်ရေးတပ်များနှင့် နီးစပ်သူများထံမှ သိရသည်။
