▪️သပိတ်စစ်ကြောင်းကို ဒေသခံ PDFများက လုံခြုံရေး စောင့်ရှောက်ပေးခဲ့
စစ်ကိုင်းတိုင်း မုံရွာမြို့ အမြင့်လမ်းရှိ ကျေးရွာတစ်ရွာတွင် ယနေ့ (ဇွန်လ ၁၉)ကျရောက်သည့် လူထုခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် ဂုဏ်ပြုသောအားဖြင့် ပြည်သူများက စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့သည်။


ယင်းသပိတ်စစ်ကြောင်းတွင် ဆန္ဒပြပြည်သူများ၏ လုံခြုံရေးအတွက် ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) များက လိုက်ပါဝန်းရံစောင့်ရှောက်ခဲ့ကြသည်။

ဆန္ဒပြသူများက “ငါတို့အားလုံးအကျဉ်းသား အာဏာရှင်ရင်ဝကိုထိုးစိုက်မဲ့ သံမဏိဓား” ဆိုသည့် စာသားကို ကိုင်ဆောင်ပြီး စစ်ကောင်စီ၏ မတရားဖမ်းဆီးခံထားရသည့် လူထုခေါင်းဆောင်များ၊ ကျောင်းသားပြည်သူများနှင့်အတူရပ်တည်ကြောင်း ပြသခဲ့ကြသည်။
