စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးမှုကြောင့် တိမ်းရှောင်နေရသည့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်း တစ်ခုတွင် ယနေ့ (ဇွန်လ ၁၉) ကျရောက်သည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၇၇) နှစ် မြောက် မွေးနေ့ပွဲကို စစ်ဘေးရှောင်ပြည်သူများနှင့်အတူ ကျင်းပပြုလုပ်ခဲ့ကြသည်။

စစ်ဘေးရှောင်ပြည်သူများက မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစေရန်၊ ဖမ်းဆီးခံနိုင်ငံ့ခေါင်းဆောင်များနှင့် ကျောင်းသားပြည်သူများ လွတ်မြောက်စေရန် မွေးနေ့ ဆုတောင်းပေးခဲ့ကြသည်။

ယနေ့တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ မွေးနေ့အတွက် ပြည်တွင်း၊ ပြည်ပရောက် နိုင်ငံသားများ၊ တော်လှန်ရေးအင်အားစုများ၊ တော်လှန်ရေးတပ်ဖွဲ့များက နည်းလမ်းမျိုးစုံဖြင့် မွေးနေ့ဆုတောင်းခြင်းကို ပြုလုပ်ပေးခဲ့ကြသည်။
