close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘီယာ အသောက်ဆုံး စံချိန်ကို ပိုင်ဆိုင်လာဖွယ် ရှိနေတဲ့ ၂၀၂၆ ကမ္ဘာ့ဖလား

၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲဟာ အိမ်ရှင်နိုင်ငံ အများဆုံး၊ ပြိုင်ပွဲဝင်အသင်း အများဆုံး၊ ပွဲစဉ်အရေအတွက် အများဆုံးဆိုတဲ့ စံချိန်တွေအပြင် နောက်ထပ် စံချိန်သစ် တစ်ခုကိုလည်း ပိုင်ဆိုင်ဖို့ ဦးတည်နေပါတယ်။ အဲဒါကတော့ ကျင်းပဖူးသမျှ ကမ္ဘာ့ဖလား ပြိုင်ပွဲ အားလုံးမှာ ဘီယာသောက်သုံးမှု အများဆုံး စံချိန် ဖြစ်လာနိုင်တယ် ဆိုတာပါပဲ။

ဓာတ်ပုံ - Getty Images

၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲဟာ အိမ်ရှင်နိုင်ငံ အများဆုံး၊ ပြိုင်ပွဲဝင်အသင်း အများဆုံး၊ ပွဲစဉ်အရေအတွက် အများဆုံးဆိုတဲ့ စံချိန်တွေအပြင် နောက်ထပ် စံချိန်သစ် တစ်ခုကိုလည်း ပိုင်ဆိုင်ဖို့ ဦးတည်နေပါတယ်။ အဲဒါကတော့ ကျင်းပဖူးသမျှ ကမ္ဘာ့ဖလား ပြိုင်ပွဲ အားလုံးမှာ ဘီယာသောက်သုံးမှု အများဆုံး စံချိန် ဖြစ်လာနိုင်တယ် ဆိုတာပါပဲ။

အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမယ့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီး ကျင်းပနေချိန် တစ်လတာ အတောအတွင်း ပရိသတ်တွေရဲ့ ဘီယာသောက်သုံးမှုဟာ ပိုင့်ပေါင်း ၁ ဘီလီယံကျော်၊ တစ်နည်းအားဖြင့် ဂါလံပေါင်း ၁၂၅ သန်းကျော်လောက်ထိ များပြားလိမ့်မယ်လို့ အမေရိကန် ရင်းနှီးမြှုပ်နှံမှု ဘဏ်လုပ်ငန်း Jefferiesက သုံးသပ် ခန့်မှန်းခဲ့ပါတယ်။

Jefferiesရဲ့ စျေးကွက် သုတေသီတွေက ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း မတည်မငြိမ် အခြေအနေတွေကို ဖြတ်သန်းခဲ့ရတဲ့ နိုင်ငံတကာ ဘီယာစျေးကွက်၊ အထူးသဖြင့် မြောက်အမေရိက စျေးကွက်ဟာ ကမ္ဘာ့ဖလားကြောင့် ကောင်းကျိုးတွေ သိသိသာသာ ရရှိလာလိမ့်မယ်လို့ သုံးသပ်ခဲ့ပါတယ်။

တကယ်လို့ Jefferiesရဲ့ ခန့်မှန်းချက်အတိုင်း ကမ္ဘာ့ဖလား ကာလအတွင်းမှာ ဘီယာ ပိုင့်ပေါင်း ၁ ဘီလီယံကျော် ရောင်းချခဲ့ရမယ် ဆိုရင်တော့ ဘီယာအသောက်ဆုံး ကမ္ဘာ့ဖလားအဖြစ် မှတ်တမ်းသစ် ရေးထိုးနိုင်မှာပါ။ လက်ရှိ စံချိန်ကတော့ ၂၀၁၄ ဘရာဇီး ကမ္ဘာ့ဖလား ပြိုင်ပွဲဖြစ်ပြီး အဲဒီတုန်းက ဘီယာပိုင့်ပေါင်း သန်း ၂၅၀ နီးပါးလောက် သောက်သုံးခဲ့ပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားကတော့ စံချိန်ဟောင်းထက် လေးဆပိုများလာမယ့် သဘောပါပဲ။

Public Service Announcement

Public Service Announcement

ကမ္ဘာ့ဖလား ပွဲစဉ်တွေ အားလုံးရဲ့ ၈၅ ရာခိုင်နှုန်းလောက်ကလည်း ဘီယာသမားတွေ အကြိုက်တွေ့တတ်တဲ့ အချိန်မျိုးတွေ ဖြစ်နေတာကြောင့် ဘီယာရောင်းအား ပိုကောင်းလိမ့်မယ်လို့ Jefferiesက သုံးသပ်ခဲ့ပါတယ်။ နောက်ပြီး လောလောဆယ် မြောက်အမေရိကတိုက်ရဲ့ အပူချိန်ကလည်း မြင့်မားနေတာကြောင့် ပရိသတ်တွေဟာ ပိုပြီး ရေငတ်ကြ၊ ဘီယာငတ်ကြမယ်လို့ ယုံကြည်ရပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပမယ့် အားကစားကွင်းကြီး ၁၆ ခုထဲမှာတော့ ပရိသတ်တွေဟာ ဘီယာ အမှတ်တံဆိပ် ၃ ခုနဲ့ ဆဲလ်ဇာဆိုတဲ့ ဆိုဒါအရည် တစ်မျိုးကို ရွေးချယ် ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။

စုစုပေါင်း ၃၁ ရက်ကြာမြင့်တဲ့ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီးအတွင်း ဘီယာ ပိုင့်ပေါင်း ၁ ဘီလီယံကျော် ရောင်းချရမယ်ဆိုတဲ့ ခန့်မှန်းချက်ဟာ အမေရိကန် ဘောလုံး အားကစား (American Football)ရဲ့ Super Bowl ဗိုလ်လုပွဲစဉ် တစ်ရက်စာ ဘီယာ သောက်သုံးမှုကိုတော့ မမီပါဘူး။ Super Bowl Sundayလို့ ခေါ်ဝေါ်တဲ့ အဲဒီနေ့မှာ အမေရိကန် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ နှစ်စဉ် ပျမ်းမျှ ဘီယာ သောက်သုံးနှုန်းက ပိုင့်ပေါင်း ၂.၈ ဘီလီယံလောက်ထိ များပြားတတ်ကြောင်းလည်း သိရပါတယ်။

ကိုးကား: Independent

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နော်ဝေးလက်ရွေးစင်ဘောလုံးအသင်းဟာကမ္ဘာ့ဖလားပြိုင်ပွဲမှာပါဝင်ယှဉ် ပြိုင်ခွင့်ရတဲ့အမှတ်တရအဖြစ်ရှေးခေတ်ဗိုက်ကင်း စစ်သည်တွေလို ဓာတ်ပုံစုရိုက်ခဲ့ပါတယ်။

နိုင်ငံတကာ

ဆိုမာလီယာ နိုင်ငံက ဘောလုံးဒိုင် တစ်ဦးကို အမေရိကန်က ပြည်ဝင်ခွင့်ဗီဇာ ခွင့်ပြုဖို့ ငြင်းဆိုခဲ့ကြောင်း သိရပါတယ်။

ဆောင်းပါး

-ကိုပါဝဲလ်​ရေးသားသည်။ လာမယ့်ဇွန်လ ၁၁ ရက်နေ့ကနေဇူလိုင်လ ၁၉ ရက်နေ့အထိ မြောက်အမေရိက ၃ နိုင်ငံမှာ ကျင်းပမယ့် (၂၃) ကြိမ်မြောက်ကမ္ဘာ့ဖလား​ဘောလုံးပြိုင်ပွဲနဲ့ ပတ်သက်တဲ့ ထူးခြားချက်တွေ၊ သမိုင်းဝင်မှတ်တမ်းတွေနဲ့ အချက်အလက်စုံကို တနေရာတည်းမှာ ဖတ်ရှုနိုင်အောင် စုစည်းတင်ပြထားပါတယ်။ ●သမိုင်းတလျှောက် ပထမဆုံး အသင်း ၄၈ သင်းအထိ...

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ရှိနေတာကြောင့် စာသင်နှစ်ကို ပုံမှန်ထက် တစ်လကျော်လောက် စောပြီး အဆုံးသတ်၊ ကျောင်းတွေကို ပိတ်ထားဖို့ မက္ကဆီကိုမှာ စီစဉ်ခဲ့ပေမယ့် မိဘတွေက ကန့်ကွက်လို့ မအောင်မြင်ခဲ့ပါဘူး။