close
Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်းစစ်တပ်ကို တော်လှန်ရင်း ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့တဲ့ရဲဘော် ၁၂၄ဦးကိုမန္တ​လေးPDFဂုဏ်ပြု

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)-MDY-PDFအထူးလှုပ်ရှားတပ်မက တော်လှန်ရေးကာလအတွင်းကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရတဲ့ ရဲဘော်၁၂၄ ဦးကို ဂုဏ်ပြုတဲ့ အခမ်းအနား ကျင်းပခဲ့ပါတယ်။

ဇွန်-၁၀၊၂၀၂၆။ထားမြတ်/People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)-MDY-PDFအထူးလှုပ်ရှားတပ်မက တော်လှန်ရေးကာလအတွင်းကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရတဲ့ ရဲဘော်၁၂၄ ဦးကို ဂုဏ်ပြုတဲ့ အခမ်းအနား ကျင်းပခဲ့ပါတယ်။

ဂုဏ်ပြုပွဲကို ဇွန်လ ၆ရက်က ကျင်းပခဲ့တာ ဖြစ်ပြီး တပ်မ အနေနဲ့ ကိုယ်လက်အင်္ဂါ စွန့်လွှတ်ပေးဆပ်ခဲ့ကြတဲ့ ရဲဘော်တွေကို ဂုဏ်ပြုတာဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ​ဖော်ပြပါတယ်။

စစ်အာဏာရှင်စနစ်ဆိုး အမြစ်ပြတ်ချေမှုန်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက်ယုံကြည်ရာကိုလက်နက်စွဲကိုင်တိုက်ပွဲဝင်ရင်းကိုယ်လက်အင်္ဂါအစိတ်အပိုင်းများကိုပေးဆပ်စွန့်လွှတ်ခဲ့ကြရတာ ဖြစ်ကြောင်း အသိ​ပေးပါတယ်။

Public Service Announcement

Public Service Announcement

ကိုယ်လက်အင်္ဂါ ပေးဆပ်စွန့်လွှတ်ခဲ့ရတဲ့ အထူးလှုပ်ရှားတပ်မမှအရာရှိ ရဲဘော် ၁၂၄ ဦးနဲ့ ညီနောင် တော်လှန်တပ်ဖွဲ့ အသီးသီးက ရဲဘော်တွေရဲ့ စွန့်လွှတ်စွန့်စားမှုကို ပြည်သူတွေနဲ့ ရဲဘော်အသီးသီးက အစဉ်အမြဲ လေးနက်စွာ ဂုဏ်ပြုမှတ်တမ်းတင်နေ မယ်လို့ ယုံကြည်တယ်လို့လည်း ဖော်ပြထားပါတယ်။

အခမ်းအနားသို့ ဂုဏ်ပြုခံရဲဘော်များ၊ ဖိတ်ကြားထားတဲ့ဧည့်သည်တော်များနဲ့ အထူးလှုပ်ရှားတပ်မမှ အဆင့်ဆင့်သော စစ်သည်ရဲဘော်များ စုံညီစွာတက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဂုဏ်ပြုအခမ်းအနားကိုအမျိုးသားညီညွတ်ရေအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနက သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။ အခမ်းအနားမှာ သဝဏ်လွှာကို ဖတ်ကြားခဲ့သလို ဂုဏ်ပြုခံရဲဘော်များအား ဂုဏ်ပြုမှတ်တမ်းလွှာနဲ့ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်းလည်း ထုတ်ပြန်ပါတယ်။

ဓါတ်ပုံ- မန္တ​လေးPDF

ဆက်စပ်သတင်းများ

ဆောင်းပါး

ဖိုးသား/People’s Spring အာဏာသိမ်းစစ်တပ်အတွက် စိုးရိမ်ဖွယ်ရာဖြစ်ခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေတိတ်ဆိတ်သွားပြီး​နောက်ပိုင်း တော်လှန်ရေးအဖွဲ့တွေ အပေါ်ကြီးမားတဲ့သက်ရောက်မှု နဲ့ အချိုးအကွေ့ ကာလတစ်ခု​ရောက်ပါတယ်။ အာဏာသိမ်းစစ်တပ်က ရှမ်းပြည်နယ်​မြောက်ပိုင်းမှာတရုတ်အကူအညီနဲ့ အပစ်ရပ်​အောင်လုပ်ပြီး​နောက် ပြုန်းတီးခဲ့တဲ့အင်အားတွေအတွက်စစ်မှုထမ်းတပ်သားသစ်တွေကိုစစ်တပ်ထိန်းချုပ်​ဒေသ​တွေက​နေ ပုံစံအမျိုးမျိုးနဲ့ စုဆောင်းခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ‌တော်လှန်ရေးအမာခံနယ်‌မြေတွေ ဖြစ်တဲ့ မန္တလေး၊စစ်ကိုင်း၊မကွေး၊ ချင်း ၊ကချင် ၊ရခိုင်ပြည်နယ်အစပ်အစရှိတဲ့...

ဆောင်းပါး

ရွှေပြည်သာမြို့နယ်မှာဖွင့်ထားတဲ့ နေရွှေဝင်းအထည်ချုပ်စက်ရုံရဲ့ကြေငြာသင်ပုန်းအရှေ့ မှာ အလုပ်သမားတွေတရုန်းရုန်းနဲ့ဖြစ်နေပြီး HRဌာနက ကပ်သွားတဲ့ကြေညာစာကို တိုးဝှေ့ဖတ်ရှုနေ ကြပါတယ်။

သတင်း

အာဏာသိမ်းသစ်တပ်က ကရင်ပြည်နယ်၊ဘားအံမြို့နယ်ကသံလွင်မြစ်ကြောင်းမှာမြစ်တွင်းသွား တိုက်ရေယာဉ်တစ်စီးစစ်ရေးလေ့ကျင့်သွားမယ်လို့ကရင်စစ်ရေးသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်နဲ့ ထိတွေ့ဆက်ဆံမှုမှန်သမျှကို သတိကြီးစွာချင့်ချိန်တွက်ဆသင့်ကြောင်း နိုင်ငံတကာအစိုးရတွေကို အပြည်ပြည်ဆိုင်ရာပဋိပက္ခလေ့လာရေးအဖွဲ့(ICG)က အကြံပြုထုတ်ပြန်လိုက်ပါတယ်။