close
Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မှာအမေရိကန်သံအရာရှိသေဆုံးမှုအတွက်ထိုင်းအမျိုးသမီးတဦးကိုဖမ်းထား

ရန်ကုန်မှာအမေရိကန်နိုင်ငံသားသံအရာရှိတဦး သေဆုံးမှုနဲ့ ပတ်သက်လို့ ထိုင်းအမျိုးသမီး တဦးကိုဖမ်းဆီးထားတယ်လို့AP သတင်းဌာနက​ဖော်ပြပါတယ်။

(ရန်ကုန်မြို့ရှိ အ​မေရီကန်သံရုံး ။ဓါတ်ပုံ-AP)

ဇွန်-၁၀၊၂၀၂၆။People’s Spring

ရန်ကုန်မှာအမေရိကန်နိုင်ငံသားသံအရာရှိတဦး သေဆုံးမှုနဲ့ ပတ်သက်လို့ ထိုင်းအမျိုးသမီး တဦးကိုဖမ်းဆီးထားတယ်လို့AP သတင်းဌာနက​ဖော်ပြပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကရန်ကုန်မှာရှိတဲ့သံရုံးမှာတာဝန်ချထားတဲ့ဝန်ထမ်းတဦးသေဆုံးမှုကိုအတည်ပြုခဲ့ပါတယ်။ ဒါပေမဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မထုတ်ပြန်ခဲ့ပါဘူး။

ရန်ကုန်မှာရှိတဲ့သံတမန်အသိုက်အဝန်းကတော့အဲဒီသေဆုံးမှုနဲ့ဆက်စပ်ပြီးထိုင်းအမျိုးသမီးတဦးကိုရဲတွေကဖမ်းဆီးထားကြောင်း ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကွယ်လွန်သူရော၊ကျန်ရစ်သူမိသားစုအပေါ် လေးစားတဲ့အနေနဲ့ လတ်တလောမှာတော့ သေဆုံးသူနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို မထုတ်ပြန်နိုင်သေးကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနကဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ သံတမန် အသိုက်အဝန်းထဲက သတင်းရင်းမြစ် သုံးခုကတော့ သေဆုံးသူကို လွန်ခဲ့တဲ့ နှစ်ပတ်လောက်တုန်းက Sakura Residence ဟိုတယ်ထဲမှာ ရှာတွေ့ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒီသတင်းအချက်အလက်ကိုတရားဝင်ထုတ်ပြောခွင့်မရှိတာကြောင့် အဲဒီ သတင်းရင်းမြစ်တွေက သူတို့ရဲ့ နာမည်ကို ဖော်ပြဖို့တော့ ငြင်းဆိုခဲ့ပါတယ်။

Sakura Residence ဟာအမေရိကန် သံရုံးနဲ့ တစ်ကီလိုမီတာခွဲလောက်အကွာမှာသာ တည်ရှိပြီးသံရုံးဝန်ထမ်းတွေ၊ မြန်မာနိုင်ငံမှာ ကာလရှည်ကြာနေထိုင်တဲ့နိုင်ငံခြားသားတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ အဓိက တည်းခိုလေ့ ရှိပါတယ်။

ရဲတွေက အမေရိကန် နိုင်ငံသားသေဆုံးမှုကို လူသတ်မှုသံသယ နဲ့ စစ်ဆေးနေပြီးထိုင်းအမျိုးသမီး တစ်ဦးကို ဖမ်းဆီးထားတယ်လို့ သတင်းရင်းမြစ်တွေက ပြောကြားသွားပါတယ်။

ကိုးကား-SCMP

ဆက်စပ်သတင်းများ

ဆောင်းပါး

ဇွန် ၈ ရက် ညနေ ၄ နာရီခွဲခန့်က ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ ၃၉(က)ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၁၃ နှစ်အရွယ် ၆ တန်း ကျောင်းသား မင်းခန့်​ဇော်ခေါ် တူးတူးဟာ ကျောင်းကနေအိမ်ပြန်ရောက်ပြီးမကြာခင် အိမ်ကနေ ပြန်ထွက်သွားခဲ့တယ်။ သူငယ်ချင်းအိမ်ခဏသွားဦးမယ်ဆိုပြီးထွက်သွားခဲ့တာလို့ အိမ်နီးချင်းတွေက ပြောတယ်။

သတင်း

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်မှာ ဇွန်လ ၈ရက်က ပျောက်ဆုံးသွားတဲ့ (၁၃)နှစ်အရွယ် ၆တန်းကျောင်းသားလေးဟာ အသတ်ခံထားရပြီး ရေကန်ထဲမှာ စွန့်ပစ်ထားတဲ့ရုပ်အလောင်းကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ဆောင်းပါး

​အရင်က ကျေးလက်ဒေသတွေ၊ မြို့ငယ်တွေနဲ့ တိုင်းရင်းသားဒေသတွေမှာသာ ကြားလေ့ရှိတဲ့ "ပေါ်တာဆွဲတယ်" ဆိုတဲ့ ကြောက်မက်ဖွယ် စကားလုံးဟာ အခုဆိုရင် ရန်ကုန်မြို့ပြကြီးရဲ့ နေအိမ်တွေထဲအထိ ဝင်ရောက်လာပြီး ဧည့်ခန်းမှာ မိန့်မိန့်ကြီး နေရာယူလိုက်ပါပြီ။ မိဘတွေဟာ ကိုယ့်အိမ်ထဲမှာတင် ကိုယ့်သားသမီး ဘယ်အချိန် အဖမ်းခံရမလဲဆိုတဲ့ သောကနဲ့ ညစဉ် အိပ်မပျော်နိုင်ကြတော့ပါဘူး။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်‌တချို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်တွေအထိ ရေဝင်တာတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။