close
Connect with us

Hi, what are you looking for?

သတင်း

မြန်မာစစ်တပ်ကို စစ်လက်နက်ထောက်ပံ့နေတဲ့ အိန္ဒိယအစိုးရကန့်ကွက်ကြောင်း တောင်ကိုရီးယားရောက်မြန်မာတွေ ဆန္ဒပြ

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။

ဇွန်-၁၀၊၂၀၂၆။သုည/People’s Spring

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။

ယင်းသတင်းစာရှင်းလင်းပွဲမှာ အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်ထံ စစ်လက်နက်ပစ္စည်းတွေ၊ စစ်ဘက်နည်းပညာတွေ၊ ရေတပ်သုံးဒီဇယ်နဲ့ လေယာဉ်ဆီ (Jet Fuel) တွေလွှဲပြောင်းထောက်ပံ့နေမှုကို ချက်ချင်းရပ်ဆိုင်းဖို့နဲ့ စစ်ဘက်ဆိုင်ရာ သင်တန်းပေးအပ်နေမှုအား လုံးဝ ရပ်တန့်ဖို့ တောင်းဆိုခဲ့ပါတယ်။

မြန်မာပြည်သူတွေက ငြင်းပယ်ထားတဲ့ စစ်အုပ်စုနဲ့ နိုင်ငံတော်အဆင့် ထိတွေ့ဆက်ဆံမှုများကို ရပ်ဆိုင်းပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ ဒီမိုကရေစီအင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း၊ မြန်မာ-တရုတ် ရေနံနဲ့သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းနဲ့ အခြားရင်းနှီးမြှုပ်နှံမှုများမှတဆင့် စစ်အုပ်စုထံ ဝင်ငွေစီးဆင်းနေမှုကို ရပ်ဆိုင်းဖို့ကိုလည်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သတင်းစာရှင်းလင်းပွဲအပြီးမှာ တောင်ကိုရီးယားရောက် မြန်မာပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံတွေ ဟစ်ကြွေးခဲ့ကြပြီး အိန္ဒိယအစိုးရအနေနဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကတိကဝတ်တွေနဲ့အညီ မူဝါဒတွေကို ပြန်လည်သုံးသပ်ကာ မြန်မာစစ်တပ်အား ထောက်ပံ့နေမှုတွေကို ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုထားတဲ့ ကန့်ကွက်လွှာအား အိန္ဒိယသံရုံးကို ပေးအပ်ခဲ့ကြပါတယ်။

ဓာတ်ပုံ – ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလှုပ်ရှားမှု

ဆက်စပ်သတင်းများ

ဆောင်းပါး

မြန်မာ့အိမ်နီးချင်း ဒီမိုကရေစီနိုင်ငံကြီးဖြစ်တဲ့ အိန္ဒိယဟာ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို တရားဝင်ခရီးစဥ်ဖိတ်ကြားပြီး အစိုးရ အဖွဲ့ခေါင်းဆောင် ဝန်ကြီးချုပ်နာရန်ဒရာမိုဒီကရော၊ သမ္မတ ဒရုပဒီမုရ်မုတို့ကလည်း သီးခြားစီလက်ခံတွေ့ဆုံခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်ကိုအသိအမှတ်ပြု ကြိုဆိုခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အိန္ဒိယ အစိုးရအပေါ် ဝေဖန်မှုတွေ မြင့်တက်လာနေပါတယ်။

သတင်း

အိန္ဒိယနိုင်ငံ၊ဒေလီမြို့တော်ကဟိုတယ်နဲ့ စားသောက်ဆိုင် တွဲဖွင့်ထားရာ အဆောက်အအုံတစ်လုံးမှာ မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး ၂၁ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

မြေရှားသတ္တု နဲ့ တခြား မဟာဗျူဟာအရ အရေးပါတဲ့ ဓာတ်သတ္တုတွေ ရှာဖွေ ထုတ်လုပ်ရေးမှာ ပိုပြီး နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာနဲ့ ညှိနှိုင်းသဘောတူခဲ့တယ်လို့အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။