close
Connect with us

Hi, what are you looking for?

သတင်း

မြန်မာ ကလေးငယ် ၁ သန်းကျော် အရေးကြီး ကာကွယ်ဆေး ထိုးနှံခွင့်တွေ ဆုံးရှုံးနေ

မြန်မာနိုင်ငံမှာ ကလေးငယ် ၁ သန်းကျော်လောက်ဟာ အထူးအရေးတကြီး လိုအပ်တဲ့ ကာကွယ်ဆေး ထိုးနှံမှုကို သတ်မှတ်ထားတဲ့ အသက်အရွယ်မှာ ထိုးနှံခွင့် ဆုံးရှုံးနေကြောင်း ကုလသမဂ္ဂရဲ့ ကလေးများဆိုင်ရာ အေဂျင်စီဖြစ်တဲ့ ယူနီဆက်ဖ်က သတိပေး ပြောကြားခဲ့ပါတယ်။

UNICEF Myanmar/Minzayar Oo

မြန်မာနိုင်ငံမှာ ကလေးငယ် ၁ သန်းကျော်လောက်ဟာ အထူးအရေးတကြီး လိုအပ်တဲ့ ကာကွယ်ဆေး ထိုးနှံမှုကို သတ်မှတ်ထားတဲ့ အသက်အရွယ်မှာ ထိုးနှံခွင့် ဆုံးရှုံးနေကြောင်း ကုလသမဂ္ဂရဲ့ ကလေးများဆိုင်ရာ အေဂျင်စီဖြစ်တဲ့ ယူနီဆက်ဖ်က သတိပေး ပြောကြားခဲ့ပါတယ်။

ယူနီဆက်ဖ် မြန်မာရဲ့ Preventing a Lost Generationဆိုတဲ့ အစီရင်ခံစာထဲမှာ အဲဒီ တွေ့ရှိချက်ကို ထည့်သွင်း ဖော်ပြထားပြီး ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ကလေးသူငယ် ကျန်းမာရေးဆိုင်ရာ တည်ငြိမ်မှု အားနည်းတဲ့ အခြေအနေတွေက အဲဒီ ပြဿနာရဲ့ ပင်မ ရင်းမြစ်တွေအဖြစ် ထောက်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၄ နှစ်တာလုံး ပြည်တွင်းစစ်နွံမှာ နစ်နေခဲ့တဲ့ မြန်မာနိုင်ငံမှာ ကလေးတွေဟာ ထိခိုက်နစ်နာမှုတွေ ပြင်းပြင်းထန်ထန် ခံစားခဲ့ရတယ်လို့ ယူနီဆက်ဖ် မြန်မာရဲ့ အစီရင်ခံစာက ဆိုပါတယ်။ အခုဆိုရင် မြန်မာဟာ ကမ္ဘာပေါ်မှာ ကလေးတွေ ကာကွယ်ဆေး ထိုးနှံနိုင်မှု အနည်းဆုံး နိုင်ငံတွေ စာရင်းထဲ ပါဝင်လာနေပြီလို့လည်း သိရပါတယ်။

နောက်ပြီး ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာရတဲ့ စစ်ရှောင်တွေရဲ့ သုံးပုံတစ်ပုံဟာ ကလေးတွေလို့လည်း ဆိုပါတယ်။ စစ်ရှောင် ကလေးတွေဟာ အိမ်ရဲ့ အဝေးမှာ အနာဂတ် မရေမရာ ဘဝမျိုးကို ရင်ဆိုင် ဖြတ်သန်းနေရတယ်လို့လည်း ယူနီဆက်ဖ် မြန်မာက ဖော်ပြထားပါတယ်။ ၂၀၂၄ တစ်နှစ်တည်းမှာတင် စစ်ပွဲနဲ့ ဆက်စပ်တဲ့ အခြေအနေ တချို့ကြောင့် ထိခိုက်သေဆုံးတဲ့ ကလေးအရေအတွက် ၇၅၀ ကျော် ရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံမှာ မိသားစုနဲ့ ကလေးတွေ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းစဉ်တွေ လုံးဝဥဿုံ ပြိုကျလုနီးပါး အခြေအနေကို ရောက်နေပြီး အဲဒါက အရမ်း အန္တရာယ် ကြီးမားတယ်လို့ ယူနီဆက်ဖ် မြန်မာက ထောက်ပြခဲ့ပါတယ်။ ကိုဗစ် ကပ်ရောဂါ ဂယက်ကြောင့် ယိုင်နဲ့နဲ့ ကျားကန်ထားရတဲ့ ပြည်သူ့ကျန်းမာရေး ကဏ္ဍဟာ အာဏာသိမ်းမှုနောက်ပိုင်းမှာ အခြေအနေ အဆိုးဆုံး ဖြစ်လာပါတယ်။ အကြမ်းမဖက် အာဏာဖီဆန်မှု (CDM)မှာ ပါဝင်ခဲ့တဲ့ ကျန်းမာရေး ဝန်ထမ်းတွေကို စစ်တပ်က အင်အားသုံး ဖြိုခွင်းလာတဲ့ အချိန်မှာ နိုင်ငံရဲ့ ကျန်းမာရေး ကဏ္ဍဟာ ပိုပြီး အထိနာခဲ့ပါတယ်။

UNICEF Myanmar/Nyan Zay Htet

မြန်မာနိုင်ငံမှာ ကလေးတွေကို ထိခိုက်စေတာဟာ ကျန်းမာရေး ကဏ္ဍ တစ်ခုတည်းသာ မကဘဲ မြန်မာနိုင်ငံက ကလေးငယ် ၅ သန်း နီးပါးလောက်ဟာလည်း ပညာသင်ခွင့်တွေ ဆုံးရှုံးနေတယ်လို့ ဆိုပါတယ်။ နောက်ပြီး လက်နက်ကိုင် အဖွဲ့အစည်းတွေက အရွယ်မရောက်သေးတဲ့ ကလေးတွေကို စစ်သားစုဆောင်းတာတွေ ရှိနေသလို ကလေးလုပ်သားအဖြစ် ခိုင်းစေမှုတွေ၊ အသက်မပြည့်သေးခင် အတင်းအကျပ် လက်ထပ် ထိမ်းမြားစေတာတွေ၊ တချို့နေရာတွေမှာ ကလေးတွေကို ကွပ်မျက် သတ်ဖြတ်တာတွေထိ ရှိနေဆဲလို့လည်း ယူနီဆက်ဖ် မြန်မာက သတိပေး ထောက်ပြထားပါတယ်။

စားနပ်ရိက္ခာ မဖူလုံမှုနဲ့ အာဟာရ မပြည့်ဝမှုတွေကလည်း မြန်မာနိုင်ငံမှာ စိုးရိမ်စရာ အဆင့်မျိုး ရောက်လာပြီး နိုင်ငံရဲ့ ကလေးဦးရေ ၅၅ ရာခိုင်နှုန်းဟာ ဆင်းရဲနွမ်းပါးတဲ့ အခြေအနေနဲ့ နေထိုင်နေရတယ်လို့ သိရပါတယ်။ ၂၀၂၄ ခုနှစ်တုန်းက မြန်မာနိုင်ငံကို ဝင်ရောက် တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်း မုန်တိုင်း မိုခါဟာ ကလေး ၃ သိန်းကျော်ကို ထိခိုက် သက်ရောက်စေပြီး စာသင်ကျောင်း တော်တော်များများ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

လူတွေ အရမ်းပြည့်နှက်နေတဲ့ စစ်ရှောင်စခန်းတွေမှာလည်း ကလေးတွေ အပါအဝင် အကာအကွယ်မဲ့ လူ့အဖွဲ့အစည်းတွေဟာ ရေမသန့်တဲ့ နောက်ဆက်တွဲ ရောဂါတွေ ပျံ့နှံ့ ကူးစက်မှုကို ခံနေရပြီး ရှိရင်းစွဲ ပြဿနာတွေဟာ ၂၀၂၅ ခုနှစ်မှာလည်း ပြေလည် လျော့ကျသွားမယ့် အရိပ်အယောင် မတွေ့ရသေးကြောင်း ယူနီဆက်ဖ်မြန်မာရဲ့ အစီရင်ခံစာက ဖော်ပြထားပါတယ်။

ကိုးကား: The Nation

ဆက်စပ်သတင်းများ