close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းစစ်ပွဲ ရပ်ဆိုင်းရေး၊ နယ်မြေ ပိုင်းခြားရေးတွေအတွက် ပူတင်နဲ့ ဆွေးနွေးမယ်လို့ ထရမ့်ပြော

ယူကရိန်းစစ်ပွဲ ရပ်ဆိုင်းရေး တွန်းအားပေးဖို့အတွက် သူဟာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ ဖုန်းဆက် ဆွေးနွေးသွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ယူကရိန်းစစ်ပွဲ ရပ်ဆိုင်းရေး တွန်းအားပေးဖို့အတွက် သူဟာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ ဖုန်းဆက် ဆွေးနွေးသွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

စစ်အပြီး ယူကရိန်းမှာ ပိုင်ဆိုင်မှုဆိုင်ရာ ခွဲဝေရေး သဘောတူညီချက် တချို့ကို ကြိုတင် ရရှိထားပြီး ဖြစ်တယ်လို့ မတ်လ ၁၆ ရက်နေ့မှာ ထရမ့်က ပြောကြားခဲ့ပြီး သူနဲ့ ပူတင်ဟာ မတ်လ ၁၈ ရက်နေ့မှာ ဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင်သွားမယ်လို့ အတည်ပြုခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ယူကရိန်းဟာ အမေရိကန် အစိုးရ အဆိုပြုတဲ့ ရက်ပေါင်း ၃၀ ကြာ ကနဦးအဆင့် အပစ်အခတ် ရပ်စဲရေး အစီအမံကို လိုက်နာသွားမယ်လို့ ကြေညာခဲ့ပြီး အမေရိကန်က ရုရှားကိုပါ အဲဒီ အဆိုအတွက် သဘောတူဖို့ တွန်းအားပေးနေပါတယ်။ ရုရှား သမ္မတ ပူတင်က စစ်ရပ်ဆိုင်းရေးအတွက် အမေရိကန်ရဲ့ အားထုတ်မှုကို မူအားဖြင့် လက်ခံပေမယ့် အသေးစိတ် ညှိနှိုင်းရမယ့် အပိုင်းတွေတော့ ရှိနေဆဲလို့ အစောပိုင်းတုန်းက မှတ်ချက်ပေးထားပါတယ်။

ထရမ့်ကတော့ လက်ရှိ အခြေအနေမှာ ရုရှားနဲ့ ကောင်းမွန်တဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိနေကြောင်း၊ အင်္ဂါနေ့ (မတ်လ ၁၈) ရက်နေ့မှာ သူဟာ ရုရှား သမ္မတ ပူတင်နဲ့ စကားပြောမှာဖြစ်ပြီး တစ်ခုခုကိုတော့ ကြေညာနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း သမ္မတ စီးတော်လေယာဉ် Air Force Oneပေါ်မှာ ထရမ့်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သူဟာ ဖလော်ရီဒါမှာရှိတဲ့ မာအာလာဂို စံအိမ်ကြီးမှာ ပိတ်ရက်တွေ အနားယူခဲ့တဲ့နောက် အိမ်ဖြူတော်ကို ပြန်မယ့် ခရီးစဉ်အတွင်း သတင်းထောက်တွေကို အဲဒီကိစ္စ ထုတ်ပြောခဲ့တာပါ။

သီတင်းပတ်ကုန် နှစ်ရက်တာအတွင်း အလုပ်တွေ အများကြီး ပြီးစီးခဲ့ကြောင်း၊ ယူကရိန်း စစ်ပွဲကို အမှန်တကယ် အဆုံးသတ်နိုင်တော့မလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ကြောင်း၊ ဒီကိစ္စက လက်တွေ့ ဖြစ်နိုင်ခြေရော၊ မဖြစ်မြောက်နိုင်သေးတာပါ ကြုံလာနိုင်ကြောင်း၊ ဒါပေမဲ့ အခြေအနေတွေကတော့ ကောင်းနေတယ်လို့ ယုံကြည်ကြောင်း ထရမ့်က ဆိုပါတယ်။

သူက စစ်ပွဲအပြီးမှာ နယ်မြေပိုင်ဆိုင်မှုတွေ ခွဲဝေသတ်မှတ်ရေး ကိစ္စကိုလည်း ပူတင်နဲ့ အသေအချာ ဆွေးနွေးရလိမ့်မယ်လို့ ဆက်ပြောပါတယ်။ စစ်ပွဲ မတိုင်ခင်တုန်းက အခြေအနေတွေနဲ့ ယှဉ်ရင် နယ်မြေ အများအပြားရဲ့ အခြေအနေတွေက လုံးဝဥဿုံ ကွဲပြား ခြားနားသွားပြီ ဖြစ်ကြောင်း၊ နယ်မြေတွေ၊ ဓာတ်အားပေး စက်ရုံတွေရဲ့ အကြောင်းကို သေချာ ဆွေးနွေးရမှာဖြစ်ပြီး အဲဒီအပိုင်းမှာ မေးခွန်းထုတ်စရာတွေလည်း အများကြီး ကျန်နေသေးကြောင်း ထရမ့်က မှတ်ချက်ပေးသွားပါတယ်။

တစ်ဖက်မှာလည်း အဲဒီကိစ္စတွေရဲ့ အခြေခံကျတဲ့ အပိုင်းတွေကို ယူကရိန်းရော၊ ရုရှားနဲ့ပါ အမေရိကန်က တော်တော်များများ ဆွေးနွေး ညှိနှိုင်းပြီးပြီလို့ သတ်မှတ်နိုင်ကြောင်း၊ တချို့ ပိုင်ဆိုင်မှု ခွဲဝေရေး ကိစ္စတွေက အဖြေကြိုထွက်ထားပြီး ဖြစ်ကြောင်းလည်း ထရမ့်က ပြောကြားသွားပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် အစိုးရရဲ့ ရန်ပုံငွေ ထောက်ပံ့မှု ရရှိထားရာ အမေရိကန် အသံ (VOA) သတင်းဌာနရဲ့ စာချုပ် ဝန်ထမ်းတွေကို သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အစိုးရက အလုပ်ထုတ်ပယ်မှုတွေ စတင်နေပြီလို့ သိရပါတယ်။

နိုင်ငံတကာ

တရားရုံး တစ်ခုက တားမြစ်မိန့် ထုတ်ခဲ့တဲ့တိုင် အမေရိကန်ဟာ ဒုစရိုက် ဂိုဏ်းသားတွေလို့ စွပ်စွဲခံထားရသူ ဗင်နီဇွဲလား နိုင်ငံသား ၂၀၀ ကျော်ကို အမေရိကန်က နယ်နှင်စေခဲ့ပါတယ်။

နိုင်ငံတကာ

မြန်မာ အပါအဝင် ဘာသာစကား အမျိုးမျိုးနဲ့ သတင်းတွေ ဖော်ပြနေတဲ့ နိုင်ငံတကာ သတင်းဌာန နှစ်ခုဖြစ်တဲ့ အမေရိကန် အသံ (VOA)နဲ့ လွတ်လပ်တဲ့ အာရှအသံ (RFA)တို့ရဲ့ လုပ်ငန်းလည်ပတ်မှုတွေ အကြီးအကျယ် ထိခိုက်သွားစေတဲ့ အမိန့် ညွှန်ကြားချက် တစ်ခုကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က...

သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အခုလ မော်စကို ခရီးစဉ် အတောအတွင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ မြန်မာ စစ်တပ်အတွက် ထောက်လှမ်းရေးဆိုင်ရာ အကူအညီပေးဖို့ ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။

Facebook