close
Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦး -မြင်းမူလမ်းပိုင်း၌ စစ်တပ်ယာဥ်တန်းအား PDF များတိုက်ခိုက် စစ်သား ၂၃ဦးသေဆုံး၊သေနတ်၂၀လက်ရ

ချောင်းဦး -မြင်းမူလမ်းပိုင်းတွင် ကားနှစ်စီးပါစစ်ကောင်စီယာဉ်တန်းအား ပြည်သူ့ကွယ်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၂၃ဦးသေဆုံးပြီး သေနတ်၂၀ လက်သိမ်းဆည်းနိူင်ကာ ကားနှစ်စီးကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်။

သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများနှင့် PDF များ။ ဓါတ်ပုံ-ULF ၊ CHUPDF

■စစ်​ကောင်စီ၏ သံပြာကာ ကားနှစ်စီးကို PDFများမီးရှို့

ကဖေး/People’s Spring

ချောင်းဦး -မြင်းမူလမ်းပိုင်းတွင် ကားနှစ်စီးပါစစ်ကောင်စီယာဉ်တန်းအား ပြည်သူ့ကွယ်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၂၃ဦးသေဆုံးပြီး သေနတ်၂၀ လက်သိမ်းဆည်းနိူင်ကာ ကားနှစ်စီးကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်။

မတ်လ (၄)ရက် ညနေ (၃)နာရီ (၁၀)မိနစ်က မုံရွာမြို့တွင်းမှ ထွက်လာသော သံပြားကာ စစ်တပ်ကားနှစ်စီးသည် ချောင်းဦးမြို့ကို ဖြတ်၍ မြင်းမူဘက်သို့ ဦးတည်ထွက်ခွာစဉ် PDFများက စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဟု ယင်းမာပင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(လက်ရုံးတပ်) ULF စစ်ကြောင်းက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

“စုစုပေါင်း သေတာ ၂၃ယောက်။ သေနတ်က အလက်၂၀ရတာ။ တိုက်ပွဲပြီးတဲ့နောက်ပိုင်း ချောင်းဦးဘက်ကနေ လက်နက်ကြီးတွေတောက်လျှောက်ပစ်နေတယ်” ဟုPDFတစ်ဦးကပြောသည်။

တိုက်ပွဲဖြစ်နေစဉ် ချောင်းဦးမြို့ပေါ် စစ်ကောင်စီ အထိုင်စခန်းဖြစ်သော စိုက်ကွင်းရုံးနှင့် မြပုလဲစခန်း တို့မှ (၁၂၀)မမ လက်နက်ကြီး (၁၀၆) ကြိမ်ပစ်ကူပေးခဲ့သည်။ထိုအပြင် မိတ္ထီလာလေတပ် မှ FTC-2000G တိုက်ယာဥ် ဖြင့် ညနေ ၄နာရီ ၁၂မိနစ်တွင် လေကြောင်းတိုက်ခိုက်မှု့ ၅ကြိမ်ပြုလုပ်ခဲ့သည်။

အလားတူမုံရွာမြို့ရှိ အနောက်မြောက်တိုင်စစ်ဌာနချုပ်( နမခ )မှ စက်တပ်လေထီးဖြင့် (၂)ကြိမ် လေကြောင်းပစ်ကူပေးခဲ့ပါသည်ဟုULF စစ်ကြောင်းက အသိ​ပေးသည်။

တိုက်ပွဲအတွင်းMA 1 (၄) လက်၊ MA 3 (၁) လက်၊ MA 11 (၃) လက်၊ G 3 (၁) လက်၊G 1(၁)လက် ၊ 60 mm စိန်ပြောင်း (၁) လက်၊ Lala (၁) လက် ၊ ကျည်ဘောက်မျိုးစုံ (၂၂)ဘောက် သိမ်းဆည်းရရှိခဲ့သည်။စစ်တပ်စီးလာ​သော သံပြားကာ ကားနှစ်စီးကိုသိမ်းဆည်းနိုင်​သော်လည်းမောင်းနှင်မရတော့သဖြင့် မီးရှို့ဖျက်ဆီးခဲ့သည်ဟုသိရသည်။

တိုက်ခိုက်မှုကို ULF စစ်ကြောင်း နှင့်အတူ ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDF ၊ B21 PDF ယင်းမာပင်ခရိုင် တပ်ရင်း ၁၇ ၊ ရတနာပုံ ၊ Chindwin Brother ၊ Bandula Defence Force (ဘုတလင်) ၊ Three Brothers Force (ကနီ) ၊ Special Force 11 ၊ Immortal Guerrilla Force ၊ Sagaing District Drone Team (SDDT) တို့မှ ပူး​တွဲ မစ်ရှင်ဆောင်ရွက်ခဲ့​ကြောင်း ULF ကထုတ်သည်။

ထိုအပြင် ​ဖေ​ဖော်ဝါရီလ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင်လည်း ​ချောင်းဦးမြို့နယ် နှင့် ​ညောင်ဖြူပင်စခန်း အနီးတို့တွင်လည်း စစ်တပ်စစ်​ကြောင်းများနှင့် ​ဒေသတွင်း PDF များတိုက်ပွဲများဖြစ်ပွားခဲ့သည်။အထက်ပါတိုက်ပွဲများအားလုံးတွင်စစ်တပ်မှ စစ်သား ၂၃ ဦး​သေဆုံးပြီး ​တော်လှန်​ရေးတပ်ဖွဲ့ဝင် ၄ ဦးကျဆုံးခဲ့​ကြောင်း ULF နှင့် ​ချောင်းဦး PDF တို့ကထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးခံရသော ပြည်သူတစ်ဦးက သေနတ်နှစ်လက်နှင့် ကျည်များယူဆောင်ပြီး ထွက်ပြေးလွတ်မြောက်လာကြောင်း ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- CHU PDF မှ တာဝန်ရှိသူ ကိုသန့်ကက လူထုနွေဦးသို့ပြောသည်။

သတင်း

တံတားဖောက်ခွဲဖျက်ဆီးခံရပြီးနောက် စစ်ကောင်စီတပ်သည် စစ်ကြောင်း သုံး ကြောင်းခွဲပြီး ပေါက်မြို့နယ် အုန်းတောရွာကို မီးရှို့ဖျက်ဆီးနေ​ကြောင်းလည်းသိရသည်။

သတင်း

စစ်ကောက်စီယာဉ်တန်းသည် ​အောက်တိုဘာ ၄ ရက်ညနေ ၃နာရီခန့်တွင် မတောင့်တနှင့် ဗိုက်သရက်ကျေးရွာအနီး၌ ရှိနေသေးကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။ တိုက်ပွဲအခြေအနေ ရှုပ်ထွေး နေ၍ အသေးစိတ် မပြောနိုင်သေးကြောင်း ၎င်းကဆက်ပြောသည်။

ဆောင်းပါး

စစ်​ကောင်စီတပ်၏ ​ခြေမြန်တပ်ရင်း(ခမရ) ၃၃၇ ၊ ခမရ ၄၃၀၊ ခမရ ၄၂၉ အစရှိသော ခြေမြန် တပ်ရင်း (၃) ရင်း၊အပြင် ဆေးတပ်၊ ထောက်ပို့တပ်၊ မဟာဗျူဟာတပ်နှင့် နယ်ခြားစောင့်တပ်အချို့ရှိ​သော စစ်တပ်အမာခံမြို့ဖြစ်သည်။

Facebook