close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆာဘီးယား လွှတ်တော်ထဲမှာ အတိုက်အခံတွေက မီးကျည်တွေ၊ မီးခိုးဗုံးတွေ ပစ်သွင်းပြီး ဆန္ဒပြ

အစည်းအဝေး ကျင်းပနေတဲ့အချိန် ဆာဘီးယား အတိုက်အခံ အမတ်တွေက မီးခိုးဗုံးတွေ၊ မျက်ရည်ယိုဗုံးတွေ၊ မီးကျည်တွေကို လွှတ်တော်ထဲ ပစ်ထည့်ခဲ့တာကြောင့် ရှုပ်ရှုပ်ထွေးထွေး အခြေအနေတွေ ပေါ်ပေါက်ခဲ့ပါတယ်။

အစည်းအဝေး ကျင်းပနေတဲ့အချိန် ဆာဘီးယား အတိုက်အခံ အမတ်တွေက မီးခိုးဗုံးတွေ၊ မျက်ရည်ယိုဗုံးတွေ၊ မီးကျည်တွေကို လွှတ်တော်ထဲ ပစ်ထည့်ခဲ့တာကြောင့် ရှုပ်ရှုပ်ထွေးထွေး အခြေအနေတွေ ပေါ်ပေါက်ခဲ့ပါတယ်။

ရည်ရွယ်ချက်ကတော့ အစိုးရရဲ့ မူဝါဒတွေကို ဆန့်ကျင်ဖို့နဲ့ ကျောင်းသားတွေ ဦးဆောင်တဲ့ ဆန္ဒပြမှု တစ်ခုကို အားပေး ထောက်ခံကြောင်း ပြသဖို့ ဖြစ်ပါတယ်။ မတ်လ ၄ ရက်နေ့က ဆာဘီးယား လွှတ်တော်ရဲ့ နွေဦးရာသီ ဆွေးနွေးပွဲ အစီအစဉ်တွေ အဖွင့်နေ့မှာ အတိုက်အခံတွေက မီးကျည်တွေ၊ မျက်ရည်ယိုဗုံးတွေကို မီးရှို့ပြီး လွှတ်တော် အစည်းအဝေး ခန်းမထဲ ပစ်သွင်းခဲ့တာပါ။

အဲဒီ ဖြစ်စဉ်အတွင်း ထိခိုက် အနာတရ ဖြစ်ခဲ့တဲ့ လွှတ်တော်အမတ် အနည်းဆုံး ၂ ဦး ရှိခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ပြီးတော့ လေဖြတ်ရောဂါ အခံရှိတဲ့ အမတ် ၁ ဦးဟာ ကျန်းမာရေး အခြေအနေ စိုးရိမ်ရတဲ့ အဆင့်ထိ ဖြစ်သွားခဲ့တယ်လို့လည်း သိရပါတယ်။

လွှတ်တော် အဖွင့် ဆွေးနွေးမှုတွေအပြီး ညွန့်ပေါင်း အစိုးရ အတည်ပြုထားတဲ့ မူဝါဒ တချို့ကို ထောက်ခံကြောင်း ဆုံးဖြတ်ပြီးတဲ့အချိန် အတိုက်အခံတွေက မီးကျည်တွေကို မီးစရှို့ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အတိုက်အခံ အမတ်တချို့ဟာ လွှတ်တော် ဥက္ကဋ္ဌ အန်နာ ဘရာဘစ်ဆီကိုလည်း ပြေးသွားခဲ့တာကြောင့် လုံခြုံရေး အရာရှိတွေနဲ့ လုံးလားထွေးလားတွေ ဖြစ်ခဲ့ပါသေးတယ်။ အဲဒီအချိန်မှာတင် အစည်းအဝေး ခန်းမအနှံ့ကို မျက်ရည်ယိုဗုံးတွေ ကျလာတာ ဖြစ်ပါတယ်။

အဲဒီ လွှတ်တော် ကျင်းပနေမှု အစီအစဉ်ကို ရုပ်မြင်သံကြားကလည်း တိုက်ရိုက် ထုတ်လွှင့်နေခဲ့ပါတယ်။ ဗီဒီယို မှတ်တမ်းထဲမှာတော့ ဘရာဘစ်က အဲဒီလို စည်းမဲ့ကမ်းမဲ့ ပုန်ကန်မှုဟာ အောင်မြင်မှာ မဟုတ်ကြောင်း၊ ဆာဘီးယား နိုင်ငံဟာ ဆက်လက် တည်တံ့ပြီး အောင်နိုင်သွားမှာဖြစ်ကြောင်း အော်ဟစ် ပြောဆိုနေခဲ့တာ တွေ့ရပါတယ်။

ဆာဘီးယား အစိုးရဟာ လတွေနဲ့ချီ ကြာမြင့်ပြီး တက္ကသိုလ် ကျောင်းသားတွေ ဦးဆောင်တဲ့ အဂတိ တိုက်ဖျက်ရေး ဆန္ဒပြပွဲတွေနဲ့ ကြုံနေရပါတယ်။ ပြီးခဲ့တဲ့ နှစ်တုန်းက ရထားဘူတာ အမိုးတစ်ခု ပြိုကျတဲ့ ဖြစ်စဉ်ကို အကြောင်းပြုပြီး အဲဒီ ဆန္ဒပြမှုတွေ စတင်လာခဲ့တာ ဖြစ်ပါတယ်။

နောက်တော့ ဆန္ဒပြပွဲတွေဟာ ပိုမို ကျယ်ပြန့်လာပြီး သမ္မတ အလက်ဇန္ဒား ဗူဆစ် ဦးဆောင်တဲ့ အစိုးရအတွက် ကြီးမားတဲ့ ဖိအားတွေ ကြုံလာစေသလို ဇန်နဝါရီလမှာတော့ ဝန်ကြီးချုပ်နဲ့ အစိုးရ အဖွဲ့ထဲက အဆင့်မြင့် အရာရှိတချို့ ရာထူးကနေ နုတ်ထွက်ခဲ့ကြရပါတယ်။

ကိုးကား: Euro News

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘောဒီးယား အစိုးရကတော့ အတိုက်အခံတွေကို ပစ်မှတ်ထား ဖိနှိပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆန်ပြီး ကန်ဒါလိုက် ပါတီဝင်တွေ ဖမ်းဆီးခံရ၊ အမှုဖွင့်ခံရတာတွေက တရားဥပဒေ စံနှုန်းတွေနဲ့အညီ လုပ်ဆောင်တာသာ ဖြစ်တယ်လို့ ဖြေရှင်းထားပါတယ်။

နိုင်ငံတကာ

အစ္စရေး အတိုက်အခံ ပါတီတွေ စုပေါင်းပြီး အစိုးရသစ်တစ်ရပ် ဖွဲ့စည်းဖို့ သဘောတူညီမှု တည်ဆောက်နိုင်ခဲ့ကြောင်း သိရပါတယ်။

Facebook