close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နျူကလီးယား လက်နက်အင်အားကို ဆက်တိုက် ချဲ့ထွင်မယ်လို့ ကင်မ်ဂျုံအွန်းပြော

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းက အမေရိကန်နဲ့ တောင်ကိုရီးယားကြား လုံခြုံရေး ပူးပေါင်းမှုတွေ အရှိန်မြင့်လာတာကို ဝေဖန် ရှုတ်ချခဲ့ပြီး နိုင်ငံရဲ့ နျူကလီးယား လက်နက်အင်အားကို စဉ်ဆက်မပြတ် ချဲ့ထွင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းက အမေရိကန်နဲ့ တောင်ကိုရီးယားကြား လုံခြုံရေး ပူးပေါင်းမှုတွေ အရှိန်မြင့်လာတာကို ဝေဖန် ရှုတ်ချခဲ့ပြီး နိုင်ငံရဲ့ နျူကလီးယား လက်နက်အင်အားကို စဉ်ဆက်မပြတ် ချဲ့ထွင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

သူက အမေရိကန်နဲ့ တောင်ကိုရီးယားတို့ကြား လုံခြုံရေး ကဏ္ဍအတွက် ပူးပေါင်းဆောင်ရွက်တာတွေ ဆက်တိုက် မြင့်တက်လာနေတာဟာ မြောက်ကိုရီးယားအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုမျိုး ဖြစ်လာစေတယ်လို့ စွပ်စွဲခဲ့ပါတယ်။ အဲဒီ အခြေအနေကို တန်ပြန်တဲ့ အစီအမံအဖြစ် သူ့ရဲ့ နျူကလီးယား လက်နက် စီမံကိန်းကို ဆက်တိုက် ချဲ့ထွင်သွားမယ်လို့ ကင်မ်က ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ပြောကြားခဲ့ပါတယ်။

နောက်ပြီး သူ့ရဲ့ နောက်ဆုံးထွက်ပေါ်လာတဲ့ သဘောထား ကြေညာချက်ထဲမှာတော့ ကင်မ်ဟာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ပထမ သမ္မတသက်တမ်းတုန်းကလိုမျိုး လူချင်းတွေ့ကြဖို့ လတ်တလော စိတ်ကူး မရှိဘူးလို့လည်း ဖော်ပြထားပါတယ်။ ထရမ့်ကတော့ သူဟာ ကင်မ်နဲ့ နောက်တစ်ကြိမ် မျက်နှာချင်းဆိုင် ဆွေးနွေးပြီး သံတမန်ရေးအရ ချဉ်းကပ်မှုတွေ အားထုတ်ဖို့ လိုလားကြောင်း အရိပ်အမြွက် ပြောဆိုထားပါတယ်။

မြောက်ကိုရီးယား စစ်တပ် ထူထောင်မှု ၇၇ နှစ်ပြည့် နှစ်ပတ်လည်ဖြစ်တဲ့ ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ကင်မ်ပြောကြားခဲ့တဲ့ မိန့်ခွန်းကို နောက်တစ်ရက်မှာ အစိုးရပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့ရာမှာတော့ အမေရိကန်ဟာ ဂျပန်၊ တောင်ကိုရီးယားတို့ကို စည်းရုံးပြီး ဥရောပရဲ့ NATO ပုံစံမျိုး စစ်မဟာမိတ် အင်အားစုကို ကိုရီးယား ကျွန်းဆွယ် တဝိုက်မှာ ဖန်တီးနေတယ်လို့လည်း စွပ်စွဲထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ အခြေအနေမျိုးတွေဟာ မြောက်ကိုရီးယား အတွက်တော့ လုံခြုံရေး ရှုထောင့်က ကြည့်ရင် အရမ်း အလေးအနက် စိုးရိမ်ရမယ့် သဘောမျိုး ဖြစ်နေတယ်လို့ ကင်မ်က ဝေဖန်ခဲ့ကြောင်း သိရပါတယ်။

လတ်တလောမှာ မြောက်ကိုရီးယားဟာ နျူကလီးယား စစ်ရေးစွမ်းရည်နဲ့ ပတ်သက်လို့ အရှိန်အဟုန်နဲ့ ကဏ္ဍပေါင်းစုံ မြှင့်တင် ချဲ့ထွင်နေသလို နောက်ထပ်လည်း နျူကလီးယား တပ်ဖွဲ့ အင်အားကို တိုးမြှင့်သွားဦးမှာ ဖြစ်တယ်လို့ ကင်မ်က အတည်ပြုသွားပါတယ်။

ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း အမေရိကန်၊ တောင်ကိုရီးယားတို့နဲ့ ဆက်ဆံရေး ပိုမိုတင်းမာလာတဲ့နောက် ကင်မ်ဟာ သူ့နိုင်ငံရဲ့ နျူကလီးယား လက်နက်တိုက်ကို ပိုကြီးလာအောင် ချဲ့ထွင်ခဲ့သလို နည်းပညာပိုင်း အရလည်း ပိုခေတ်မီ ဆန်းသစ်လာအောင် တည်ဆောက်ခဲ့ပါတယ်။

ထရမ့်ဟာ သမ္မတ ပြန်ဖြစ်လာတဲ့နောက် ကင်မ်နဲ့ အရင်လိုပဲ လူချင်းတွေ့ပြီး ဆွေးနွေးဖို့ အလားအလာကို အရိပ်အမြွက် လမ်းဖွင့်ပေးထားပေမယ့် မြောက်ကိုရီးယားဖက်ကတော့ တရားဝင် သဘောထား တုံ့ပြန်တာမျိုး မရှိသေးပါဘူး။ မူဝါဒရေးရာ လေ့လာသူ တချို့ကတော့ ဒီတစ်ကြိမ် တွေ့ဆုံဖြစ်ရင်တောင် မြောက်ကိုရီးယားဟာ နျူကလီးယား လက်နက်တွေ စွန့်လွှတ်ရေးဆိုတဲ့ တောင်းဆိုမှုမျိုးကို လက်ခံတော့ဖွယ် မရှိဘူးလို့ သုံးသပ်ထားကြပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိုက်ခိုက်ရေး ဒရုန်းတွေ ပြည်တွင်းမှာ အမြောက်အမြား ထုတ်လုပ်ဖို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းက ညွှန်ကြားထားကြောင်း သိရပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားကို နျူကလီးယား လက်နက်တွေ ပိုင်ဆိုင်တဲ့ စူပါပါဝါ လက်နက် အင်အားကြီး နိုင်ငံအဆင့်ထိ တည်ဆောက်ဖို့ အပူတပြင်း ကြိုးစား လုပ်ဆောင်သွားမယ်လို့ နိုင်ငံခေါင်းဆောင် ကင်မ်ဂျုံအွန်းက ပြောကြားခဲ့ပါတယ်။