close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တိဘက်ငလျင်ကြောင့် သေဆုံးသူ ၁၂၀ ကျော်ထိ မြင့်တက်လာ

တရုတ်နိုင်ငံ၊ တိဘက် ကုန်းမြင့်ဒေသမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် သေဆုံးသူ အရေအတွက် ၁၂၀ ကျော်လွန်လာပြီ ဖြစ်သလို ကယ်ဆယ်ရေး အဖွဲ့တွေဟာ ညလုံးပေါက် ရှာဖွေမှုတွေ အပူတပြင်း ဆက်လက် လုပ်ဆောင်နေပါတယ်။

တရုတ်နိုင်ငံ၊ တိဘက် ကုန်းမြင့်ဒေသမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် သေဆုံးသူ အရေအတွက် ၁၂၀ ကျော်လွန်လာပြီ ဖြစ်သလို ကယ်ဆယ်ရေး အဖွဲ့တွေဟာ ညလုံးပေါက် ရှာဖွေမှုတွေ အပူတပြင်း ဆက်လက် လုပ်ဆောင်နေပါတယ်။

အမေရိကန် ငလျင်တိုင်းတာရေး အေဂျင်စီက ရစ်ချ်တာစကေး ၇.၁ အဆင့်လို့ သတ်မှတ်ပြီး တရုတ်က ၆.၈ အဆင့်လို့ ကြေညာတဲ့ အင်အားပြင်း ငလျင်ကြီးဟာ ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်နဲ့ မဝေးလှတဲ့ တစ်နေရာကို ဗဟိုပြုပြီး ဇန်နဝါရီ ၇ ရက်နေ့က လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

ငလျင်ကြောင့် လူ ၁၂၆ ဦးထက်မနည်း သေဆုံးပြီး နောက်ထပ် ၁၉၀ ဝန်းကျင် ဒဏ်ရာရခဲ့သလို ဒေသတွင်းက အိမ်ခြေ အဆောက်အအုံ ၃၀၀၀ လောက်မှာ အပျက်အစီးတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

အဲဒီနောက် ငလျင်ဘေးသင့် မြို့ရွာတွေမှာ အကြီးစား ကယ်ဆယ်ရေး လုပ်ငန်းတွေ အစပြုခဲ့ပြီး အပူချိန် အနုတ် ၁၆ ဆဲလ်ဆီးရပ်စ် ဒီဂရီ ဆဲလ်ဆီးရပ်စ်ထိ ကျဆင်းနေတဲ့ ညအချိန်မှာပါ အပျက်အစီးတွေအောက် ပိတ်မိနေသူတွေကို ကယ်ဆယ်ရေးတွေက လိုက်ရှာခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ငလျင်ရဲ့ သက်ရောက်မှုကို အိမ်နီးချင်း အိန္ဒိယနဲ့ နီပေါနိုင်ငံတွေကပါ သက်ရောက် ခံစားခဲ့ရပါတယ်။ လူမှုကွန်ရက် မီဒီယာတွေပေါ် ရောက်လာတဲ့ လုံခြုံရေး ကင်မရာ မှတ်တမ်းတွေအရ တိဘက်ရဲ့ ဘာသာရေးအရ အထွဋ်အမြတ်ထားရာ ရှီဂတ်ဆီ မြို့ထဲမှာ အဆောက်အအုံတွေ ပြိုကျကုန်တာကို တွေ့ခဲ့ရပါတယ်။

တရုတ် အစိုးရ မီဒီယာတွေက ငလျင်ကြောင့် ထိခိုက်ပျက်စီးတဲ့ နေအိမ် အဆောက်အအုံ ၃၆၀၉ ခု စာရင်းရထားကြောင်း၊ အကျိုးဆက်အဖြစ် ထောင်သောင်းချီ များပြားတဲ့ ပြည်သူတွေဟာ ခိုလှုံ နေထိုင်စရာ မရှိဘဲ ကြမ်းတမ်းတဲ့ အအေးဒဏ်ကို ဖြတ်သန်းခဲ့ရကြောင်း ဖော်ပြခဲ့ပါတယ်။

လူဦးရေ ၈ သိန်းလောက် နေထိုင်တဲ့ ရှီဂတ်ဆီဟာ ပါချန်လားမားလို့ ခေါ်ဝေါ်ပြီး တိဘက် ဗုဒ္ဓဘာသာရေးရဲ့ အရေးပါတဲ့ ခေါင်းဆောင် ဘုန်းတော်ကြီးတစ်ပါး အစဉ်အလာအရ သီတင်းသုံးလေ့ရှိတဲ့ မြို့ပါ။

လတ်တလောမှာ ပြည်ပကို တိမ်းရှောင်နေရတဲ့ တိဘက် ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမား ကိုယ်တော်ကြီးက သေဆုံးသူတွေအတွက် အမျှဝေ ဆုတောင်းပေးကြောင်းနဲ့ ဒဏ်ရာရသူတွေ အမြန်ဆုံး သက်သာ ပျောက်ကင်းလာဖို့လည်း ဆန္ဒပြုပါကြောင်း မိန့်ကြားခဲ့ပါတယ်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ အိန္ဒိယ မြောက်ပိုင်းနဲ့ နီပေါနိုင်ငံတို ထိစပ်ရာ ဧရိယာဟာ မြေအောက်မှာရှိတဲ့ အိန္ဒိယ၊ ယူရေးရှား ပြတ်ရွေ့ကျောက်ချပ်တွေ လှုပ်ရှား ပွတ်တိုက်မှုတွေကြောင့် အားပြင်းတဲ့ ငလျင်တွေ ရံဖန်ရံခါ လှုပ်ခတ်လေ့ ရှိပါတယ်။ ဒါပေမဲ့လည်း ဇန်နဝါရီ ၇ ရက်နေ့ ငလျင်ကတော့ နှစ်အတော်များများအတွင်း တရုတ်မှာ ကြုံဖူးသမျှ အသေအပျောက် အများဆုံး ငလျင်တစ်ခု ဖြစ်လာပါတယ်။

၂၀၁၅ ခုနှစ်တုန်းက ခန္တမန္ဒူ မြိုနားမှာ ရစ်ချ်တာစကေး ၇.၈ အဆင့် ငလျင်ကြီး လှုပ်ခတ်မှုကြောင့် လူ ၉၀၀၀ လောက်သေဆုံးခဲ့ပြီး နီပေါနိုင်ငံ သမိုင်းမှာ အဆိုးဆုံး ငလျင်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

၂၀၀၈ ခုနှစ်တုန်းက တရုတ်မှာ လှုပ်ခတ်ခဲ့တဲ့ ဆီချွမ် ငလျင်ဟာလည်း ရစ်ချ်တာစကေး ၈.၀ အဆင့်လောက်ထိ ပြင်းထန်ခဲ့ပြီး အသေအပျောက် ၈၇၀၀၀ ကျော်လောက်ထိ များပြားခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံရဲ့ တောင်ထူထပ်ရာ တိဘက်ကုန်းမြင့် ဒေသမှာ အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် လူ ၅၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံမှာ ပျံ့နှံ့နေတဲ့ Human Metapneumovirus (HMPV) ကူးစက်ခံထားရသူ ကလေးနှစ်ဦးကို အိန္ဒိယနိုင်ငံ တောင်ပိုင်းမှာ တွေ့ရှိခဲ့ကြောင်း သိရပါတယ်။

Infographics

လက်ရှိ တရုတ်နိုင်ငံမှာ တုပ်ကွေးနဲ့ ကိုဗစ်ဆန်တဲ့ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါတစ်မျိုး ဖြစ်ပွားစေတဲ့ Human metapneumovirus (HMPV)ကို ၂၀၀၁ ခုနှစ်တုန်းက နယ်သာလန် ဆေးသိပ္ပံ ပညာရှင်တွေက စတင် အတည်ပြု တွေ့ရှိခဲ့ပါတယ်။ အဲဒီတုန်းက ကလေးတွေမှာ အမျိုးအမည် ခွဲခြားမသိတဲ့ ဗိုင်းရပ်စ်...

နိုင်ငံတကာ

တရုတ်မှာ တုပ်ကွေး၊ ကိုဗစ်တို့နဲ့ လက္ခဏာတွေ ဆင်တူတဲ့ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါမျိုး ဖြစ်ပွားစေတဲ့ ဗိုင်းရပ်စ်တစ်မျိုး ကူးစက်နေကြောင်း လူမှုကွန်ရက်ပေါ်မှာ သတင်းတွေ ပိုမို ပျံ့နှံ့လာနေပါတယ်။