Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကန့်ဘလူနယ် ချပ်ကြီးရွာတိုက်ပွဲ လေကြောင်းပစ်ကူသော်လည်း စစ်အုပ်စုအထိအခိုက်များ

စစ်ကောင်စီတပ်နှင့်ပျူများသည် မတ်လ ၂ ရက်နှင့် ၃ ရက်က ဖလားရရွာ၊ ကံကြီးရွာနှင့် ပုဏ္ဏားကြီးရွာတို့မှ စစ်​ဘေး​​ရှောင် တဲ ၂၂ လုံးအား မီးရှို့ဖျက်ဆီးကာ နွား ၃၆ ကောင်ထက်မနည်း အတင်းအဓမ္မ လုယူ​သွားခဲ့သည်။

(မတ်လ ၃ ရက်​တွင် ကန့်ဘလူ(၆၀၀၆) တင့်ကားတပ်ရင်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး​ကြောင့် ပျက်ဆီးသွားသည့် အင်းလယ်ကြီးရွာမှ ​နေအိမ် တစ်လုံးအား တွေ့ရစဥ်။ ဓာတ်ပုံ - Cj)
(မတ်လ ၃ ရက်​တွင် ကန့်ဘလူ(၆၀၀၆) တင့်ကားတပ်ရင်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး​ကြောင့် ပျက်ဆီးသွားသည့် အင်းလယ်ကြီးရွာမှ ​နေအိမ် တစ်လုံးအား တွေ့ရစဥ်။ ဓာတ်ပုံ - Cj)

▪️စစ်လက်နက်အသုံးအဆောင်များ သိမ်းဆည်းရမိ၊ ပျူစောထီးအဖွဲ့ဝင်၁၀ ဦး​ကျော်ကိုဖမ်းဆီးနိုင်ခဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချပ်ကြီးကျေးရွာရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးစခန်းအား ဒေသတွင်း PDFများက သွားရောက်တိုက်ခိုက်ရာ စစ်အုပ်စုက ရဟတ်ယာဥ်ဖြင့် ပစ်ကူခဲ့သော်လည်း စစ်အုပ်စု ထိခိုက်သေဆုံးမှုများကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ကန့်ဘလူမြို့နယ်​မြောက်ခြမ်း ချပ်ကြီးရွာရှိ စစ်​ကောင်စီနှင့်ပျူ​စောထီးစခန်းအား ခရိုင် PDF တပ်ရင်းများနှင့် ​ဒေသခံပြည်သူ့ကာကွယ်​ရေးပူး​ပေါင်းတပ်ဖွဲ့များက မတ်လ ၂ ရက်​ နံနက်အ​စောပိုင်းတွင် ဝင်​ရောက်တိုက်ခိုက်ခဲ့သည်။

ထိုနေ့ နံနက် ၈ နာရီခွဲခန့်တွင် စစ်​ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားသည့် ချပ်ကြီးရွာအနီးအား အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ Mi 35 တိုက်ခိုက်​ရေး ရဟတ်ယာဥ် တစ်စီးဖြင့် ​လေ​ကြောင်းပစ်ကူ​ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

Public Service Announcement
Public Service Announcement

ထို့အပြင် ညနေ ၃နာရီခန့်တွင် ချပ်သင်းတိုက်နယ်အ​ရှေ့ဘက် ဝက်သအင်းရွာအနီးအား က​လေးမြို့မှလာ​သော Mi 35 တိုက်ခိုက်​ရေးရဟတ်ယာဥ် တစ်စီးဖြင့် စစ်​ကောင်စီတပ်မှ ​ လေ​ကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ကန့်ဘလူမြို့နယ် ချပ်ကြီး​ကျေးရွာတွင် မတ်လ ၂ ရက်​က ဖြစ်ပွားခဲ့​သော ထိ​တွေ့တိုက်ပွဲဖြစ်စဥ်အတွင်း ပြည်သူ့ကာကွယ်​ရေးပူး​ပေါင်းတပ်များမှ ရဲ​ဘော် နှစ်ဦး အသက်အန္တရာယ်မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကာ စစ်​ကောင်စီနှင့်ပျူ​စောထီးဘက်မှ ၄၀ခန့် ထိခိုက်​သေဆုံးခဲ့သည့်အပြင် စစ်လက်နက်အသုံးအ​ဆောင်များ သိမ်းဆည်းရမိခဲ့ကြောင်း ကန့်ဘလူPDFအဖွဲ့များ၏ သတင်းများထုတ်ပြန်လေ့ရှိသည့် Infinity Groupက ဖော်ပြသည်။

“ PDF တွေနဲ့ ဒေသခံ ပကဖတွေက ချပ်ကြီးရွာမှာရှိတဲ့ စကစအထိုင်စခန်းကို ဝင်သိမ်းလိုက်တာပါ။ လက်နက်တွေနဲ့ ဖမ်းမိတဲ့တရားခံတွေရလိုက်တယ်။ ဖမ်းမိတာက ပျူစောထီးအဖွဲ့တွေပါ။ ၁၁ဦးလောက်ရှိတယ်လို့သိရတယ်။” ဟု ကျွန်းလှကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့(ကန့်ဘလူခရိုင်) တာဝန်ခံတစ်ဦးက ပြောသည်။

မတ်လ ၂ ရက်​က ချပ်ကြီး​ကျေးရွာတွင်ဖြစ်ပွားခဲ့​သော နှစ်ဖက်ထိ​တွေ့တိုက်ပွဲဖြစ်စဥ်အတွင်း အရပ်သား​သေဆုံးမှုအချို့ရှိခဲ့သည်ဟု ​သိရပြီး အတည်ပြုနိုင်ခြင်း မရှိသေးပေ။

စစ်ကောင်စီတပ်နှင့်ပျူများသည် မတ်လ ၂ ရက်နှင့် ၃ ရက်က ဖလားရရွာ၊ ကံကြီးရွာနှင့် ပုဏ္ဏားကြီးရွာတို့မှ စစ်​ဘေး​​ရှောင် တဲ ၂၂ လုံးအား မီးရှို့ဖျက်ဆီးကာ နွား ၃၆ ကောင်ထက်မနည်း အတင်းအဓမ္မ လုယူ​သွားခဲ့သည်။

ထို့အပြင် မတ်လ ၄ ရက်​ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့်ပျူများသည် အောက်တဲ​ကျေးရွာမှ နေအိမ် နှစ်လုံး၊ ပင့်သာ(တည်ပင်)ရွာရှိ နေအိမ် ၅၁လုံးနှင့် လယ်ယာသုံးပစ္စည်းများအား မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

ကန့်ဘလူမြို့ (၆၀၀၆)တင့်ကားတပ်ရင်းမှ​ စစ်ကောင်စီတပ်သည် ကန့်ဘလူမြို့၏ ​မြောက်ဘက်၊အ​ရှေ့ဘက်နှင့်​တောင်ဘက် အရပ်မျက်နှာများသို့ ဦးတည်ကာ မတ်လပထမအပတ်မှစ၍ ​​လက်နက်ကြီးဖြင့် ပစ်ခတ်​နေသည်မှာ အကြိမ်​ရေ ၃၀ ခန့် ရှိ​နေပြီဖြစ်ကြောင်း သိရသည်။

ထိုသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကန့်ဘလူမြို့နယ်​တောင်ခြမ်း အင်းလယ်ကြီး​ကျေးရွာအတွင်း နှစ်လုံးနှင့် မဲသည်​ကျေးရွာအတွင်း တစ်လုံး ကျ​ရောက်​ပေါက်ကွဲခဲ့ကာ ​အင်းလယ်ကြီးရွာ နေအိမ် တစ်လုံး ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ​ဖေ​ဖော်ဝါရီအတွင်းကလည်း စစ်​ကောင်စီတပ်သည် (၆၀၀၆) တင့်ကားတပ်ရင်းအထိုင်မှ​နေ၍ ကန့်ဘလူမြို့နယ် အ​ရှေ့ခြမ်းနှင့်​တောင်ခြမ်း​ကျေးရွာများသို့ ဦးတည်ကာ လက်နက်ကြီးဖြင့် ၁၀ကြိမ်ထက်မနည်းပစ်ခတ်ခဲ့​သေးသည်။

You May Also Like

သတင်း

အုတ်ဖိုမြို့နယ် ထန်းပင်ကုန်းကျေးရွာရှိ မျိုးဝင်း၏ နေအိမ်တွင်စစ်ကောင်စီတပ်က တပ်စွဲ၍ နေထိုင်ခြင်းဖြစ်ပြီး မတ်လ ၈ ရက် နံနက် ၂ နာရီကျော်တွင်သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ၊ တပ်ခွဲ ၄ နှင့် တပ်ခွဲ ၅ တို့ ပူးပေါင်း ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း...

သတင်း

စစ်ကောင်စီတပ်နှင့်ပျူများ အများအပြားထိခိုက်ဒဏ်ရာများရရှိနိုင်ပြီး ပြည်သူ့ရဲဘော်များ အထိအခိုက်မရှိဟု ရေစကြို(ပကဖ)အဖွဲ့က ဆိုသည်။

သတင်း

စစ်ကောင်စီတပ်သည် ညောင်ပင်စောက်ရပ်တာရိုးဘေးရှိ တဲခြံများအား မီးရှို့ခဲ့ပြီး ပစ်ခတ်မှုများပါ ပြုလုပ်ခဲ့၍ ဒေသခံ ပြည်သူနှစ်ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူအချို့ရှိကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

သတင်း

မတ်လ ၆ရက် နံနက် ၇နာရီခန့်ကလည်း တောပုရွာရှိ ပျူများကို မုံရွာဒေသခံတော်လှန်ရေးတပ်ပေါင်းစု(MLRU)အဖွဲ့က တိုက်ခိုက်ခဲ့ရာ သုံးဦး ပွဲချင်းပြီးသေဆုံး၍ တစ်ဦးမှာ ဆေးကုသစဥ် သေဆုံးခဲ့ကြောင်း MLRU အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။