Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်တွင် စစ်ကောင်စီသတင်းပေးဖမ်းဆီးခံရပြီးနောက် ခြောက်ရက်အကြာတွင် ရုပ်အလောင်းပြန်တွေ့

ဆိပ်မူရပ်ကွက် ဘွန်ဘရာကုန်းတွင်နေထိုင်သော ကျော်ငြိမ်းဆိုသူသည် နတ်မှော်ကျေးရွာလမ်းပေါ်တွင် ဖမ်းဆီးခရခြင်း ဖြစ်သည်။

ဖားကန့်တွင် စစ်ကောင်စီသတင်းပေးဖမ်းဆီးခံရပြီးနောက် ခြောက်ရက်အကြာတွင် ရုပ်အလောင်းပြန်တွေ့
ဖားကန့်တွင် စစ်ကောင်စီသတင်းပေးဖမ်းဆီးခံရပြီးနောက် ခြောက်ရက်အကြာတွင် ရုပ်အလောင်းပြန်တွေ့

ကချင်ပြည်နယ် ဖားကန့်မြို့တွင် စစ်ကောင်စီသတင်းပေး ဆယ်အိမ်မှူးဟောင်းတစ်ဦးကို လူတစ်စုက ဖမ်းဆီးသွားပြီးနောက် ခြောက်ရက်အကြာတွင် သေဆုံးနေသည့်ရုပ်အလောင်း ပြန်လည်တွေ့ရှိခဲ့သည်။

ဆိပ်မူရပ်ကွက် ဘွန်ဘရာကုန်းတွင်နေထိုင်သော ကျော်ငြိမ်းဆိုသူသည် နတ်မှော်ကျေးရွာလမ်းပေါ်တွင် ဖမ်းဆီးခရခြင်း ဖြစ်သည်။

“ ၃ရက်နေ့က အဖမ်းခံရတယ်။ ၈ရက်နေ့မှာ သူ့အလောင်းကို ဝှေခါနဲ့ ဆိပ်မူလမ်းခွဲမှာ တွေ့တယ်။ သူက စစ်ကောင်စီသတင်းပေးဖြစ်တယ်။ သူ့ကြောင့်အဖမ်းခံရသူတွေ ရှိတယ်” ဟု ဆိပ်မူကျေးရွာ‌ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

ကျော်ငြိမ်းသည် အသက်(၆၉)နှစ်အရွယ်ရှိပြီး ဆယ်အိမ်မှူးဟောင်းတစ်ဦးဖြစ်သလို စစ်ကောင်စီသတင်းပေးနေသူဟု ဒေသခံများက ပြောသည်။

“ အပြစ်မဲ့ပြည်သူတွေ အဖမ်းခံထားရတယ်။ ဒလန်တွေကြောင့် အဖမ်းခံရတာများတယ်။ဒလန်တွေ ရှင်းနိုင်မှ ပြည်သူတွေ သက်သာမယ်” ဟု ‌ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။

ဖားကန့်တွင် စစ်ကောင်စီတပ်က ဖွဲ့စည်းထားသည့် ပြည်သူ့စစ်အဖွဲ့တွင်ပါဝင်သလို ပျူစောထီးခေါင်းဆောင်တစ်ဦးလည်းဖြစ်သော အောင်နိုင်ဆိုသူသည် မော်ဝမ်းရပ်ကွက်၊ ရွှေစည်းစိမ်လက်ဖက်ရည်ဆိုင်ရှေ့တွင် မတ်လ ၄ရက် ညနေ ၅ နာရီခန့်က သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခံရသေးသည်။

You May Also Like

သတင်း

တန့်ဆည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ပါတီဝင် ဒေါ်မာမာအေးကို ဖားကန့်မြို့နယ်၊ဖားပြင်ကျေးရွာတွင် စစ်ကောင်စီတပ်က မတ်လ ၆ရက် ညတွင် ဖမ်းဆီးသွားခြင်းဟု ဆိုသည်။

သတင်း

မတ်လ ၉ရက်တွင် ပလက်၀မြို့နယ် ကိန်းကန်းကုန်းရွာနှင့် စခီဟာကျေးရွာအကြားရှိ လာကီချောင်းတစ်နေရာတွင် တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ နံနက် ၁၁နာရီခန့်တွင် မိနစ် ၄၀ ကျော်ကြာ တိုက်ပွဲဖြစ်ခဲ့ပြီး နေ့လည်ပိုင်းတွင် မိစနစ် ၂၀ခန့် တိုက်ပွဲဖြစ်ခဲ့သည်။

သတင်း

ခလရ (၂၄) တပ်သည် သထုံ-ဖားအံ အမြန်ကားလမ်းမကြီးဘေး ဒူးရင်းဆိပ်ရွာအနီးတွင် တည်ရှိသည့် တပ်ရင်းစခန်းဖြစ်ပြီး ၎င်းတို့ပစ်ခတ်သော လက်နက်ကြီးကြောင့် ကျုံမိန်ရွာနေ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ထုတ်ပြန်သည်။

သတင်း

လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် သိုက်တူးကုန်းမှ ပြည်သူနှစ်ဦး၊ ဝိုင်းကျေးရွာမှ တစ်ဦးနှင့် ကွင်းဒလရွာမှ ပြည်သူတစ်ဦး လက်နက်ကြီးစထိမှန်ကာ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများက ပြောသည်။