သတင်း အင်းတော် – ကသာကြားတိုက်ပွဲ စစ်တပ်အရာရှိအပါအဝင်စစ်သုံ့ပန်း၂၉ဦးဖမ်းမိပြီး ၄၀ခန့်သေဆုံး စစ်ကိုင်းတိုင်း၊ အင်းတော် နှင့် ကသာမြို့နယ်ကြားတွင် အင်အား ၁၅၀ခန့်ပါ စစ်ကောင်စီတပ် စစ်ကြောင်းအား တော်လှန်ရေးရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အရာရှိအချို့အပါအဝင် စစ်သုံ့ပန်း၂၉ဦး ဖမ်းမိပြီး ၄၀ ခန့် သေဆုံးကြောင်း ကသာမြို့နယ်မှ သတင်းရင်းမြစ်က ပြောသည်။ ludunwayoo3 နာရီ ago
သတင်း မိုးတားကျေးရွာအုပ်စုတွင် မိုးကြိုးပစ်ခံရ၍အမျိုးသားတစ်ဦး နှင့် နွား ၄ ကောင် သေဆုံး ယခုနွေရာသီတွင် မြန်မာအပါအဝင် အာရှနိုင်ငံအများစုတွင် အယ်လ်နီညို ရာသီဥတုကြောင့် အပူဒဏ်ပြင်းစွာကြုံရပြီးအစွန်းရောက်ရာသီဥတုဒဏ်ခံနေရသည်။ LuduNwayOoမေ 6, 2024
သတင်း ကသာမြို့နယ်တွင် စစ်ကောင်စီတပ်အား KIA၊PDF ပူးပေါင်းတပ် တိုက်ခိုက် အင်းတော်မြို့ဘက်မှ ဝင်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို ကသာမြို့နယ် ပင်းမလွတ်ကျေးရွာအနီး လမ်းဆုံတွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဟု ဒေသခံများက ပြောသည်။ LuduNwayOoဩဂုတ် 13, 2023
သတင်း ကသာမြို့နယ်တွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်က ဒေသခံပြည်သူ ၁၉ဦး ဖမ်းဆီးထား ကသာမြို့မှထွက်ခွာပါက ကချင်ပြည်နယ်၊ ရွှေကူမြို့သို့ ရောက်မည်ဖြစ်၍ မြစ်ကမ်းဘေးရှိ ကျေးရွာနေပြည်သူများ သတိပြုနေထိုင်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသည်။ LuduNwayOoဩဂုတ် 5, 2023
သတင်း ကသာမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို KIA နှင့်PDFပူးပေါင်းတိုက်ရာ စစ်ကြောင်းပြန်ဆုတ်ပြေး စစ်ကောင်စီစစ်ကြောင်းကို ဇူလိုင်လ ၄ရက်နေ့လည် ၁၂နာရီ၂၅မိနစ်တွင် ဒရုန်းဖြင့်စတင်တိုက်ခိုက်ပြီး လက်နက်ကြီးများ ဖြင့်ပါပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။ LuduNwayOoဇူလိုင် 5, 2023
သတင်း ကသာမြို့နယ်၊ ညောင်ခြေထောက်ရွာကို စစ်တပ်ကမီးရှို့၍ နေအိမ် ၁၀၀ ကျော်မီးလောင် ညောင်ခြေထောက်ရွာသည်အိမ်ခြေ ၂၀၀ ခန့်သောရွာဖြစ်ပြီးစစ်ကောင်စီတပ်က ဇွန်လ ၁ရက်က မီးရှို့ဖျက်ဆီးမှုတွင် အိမ်ခြေ ၁၀၀ကျော် မီးလောင်သွားသည်ဟု ဒေသခံများကပြောသည်။ LuduNwayOoဇွန် 3, 2023
သတင်း သပိတ်ကျင်းဘက်မှလာသော အင်အား ၁,၀၀၀ ကျော်ပါ စစ်ကောင်စီယာဉ်တန်း ကသာမြို့နယ်ရောက် အဆိုပါ စစ်ကောင်စီယာဉ်တန်းတွင် အင်အား ၁,၀၀၀ ကျော်ပါဝင်နိုင်ပြီး စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်နှင့် ကချင်ပြည်နယ်ဘက်သို့ အင်အားဖြည့်တင်းနိုင်ကြောင်း ကသာနှင့် ထီးချိုင့်မြို့နယ် မှ ပြည်သူ့ကာကွယ်ရေးရဲဘော်များက မှတ်ချက်ပြုသည်။ LuduNwayOoမတ် 13, 2023
သတင်း ကသာမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ်အထိနာ၍ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် ညောင်ခြေထောက်ရွာအနီးတွင် ယမန်နေ့(ဖေဖော်ဝါရီ ၂၇ရက်) နေ့လယ် ၂နာရီခွဲခန့်မှစ၍ တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်သည်။ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ဦးစီးပြီး ကသာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း(၁)က တိုက်ခိုက်ခဲ့ခြင်းဟု သတင်းရရှိသည်။ LuduNwayOoဖေဖော်ဝါရီ 28, 2023
သတင်း ကသာတွင် သက်ကြီးရွယ်အိုတစ်ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးရိုက်နှက် ထွက်ပြေးလွတ်မြောက်လာသူမှာ အသက် (၇၀)အရွယ် သက်ကြီးရွယ်အိုတစ်ဦးဖြစ်သည်။ရပ်မိ၊ ရပ်ဖများအဖြစ် လိမ်လည်ခေါ်ခြင်းဖြစ်ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ငွေကြေးထောက်ပံ့သူဟု စစ်ကောင်စီက စွပ်စွဲပြီး ရိုက်နှက်ခဲ့ခြင်းဟု သိရသည်။ LuduNwayOoဖေဖော်ဝါရီ 17, 2023
သတင်း စစ်ကောင်စီတပ် ကသာမြို့နယ်အတွင်းရှိ ရွာလေးရွာမှအိမ်ခြေ ၅၀၀ ကျော်ကိုမီးရှို့ဖျက်ဆီး ကသာမြို့နယ်အင်းကြီးအုပ်စုကိုအင်းအား ၇၀ ကျော်ပါသောစစ်ကောင်စီတပ်စစ်ကြောင်းတစ်ကြောင်းက ဖေဖော်ဝါရီ ၁၁ရက်မှစ၍ စစ်ကြောင်းထိုးဝင်ရောက်လာပြီး နေအိမ်များကိုမီးရှို့ဖျက်ဆီးနေခြင်းဖြစ်သည်။ LuduNwayOoဖေဖော်ဝါရီ 14, 2023