close
Connect with us

Hi, what are you looking for?

News Story

အာဏာရှင်နှစ်ဦး ယတြာ​တွေကြား ဖြိုချလိုက်ပြန်​ဆောက်လိုက် ဖြစ်​ခဲ့ရတဲ့ စည်ရှည်တံတား

စစ်အာဏာရှင်​ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်း​ရွှေ လက်ထက် မန္တ​လေးကျုံးအတွင်း အမင်္ဂလာတံတားဆိုပြီး မှားဖျက်မိခဲ့တဲ့ သမိုင်းဝင် စည်ရှည်တံတားကိုအာဏာသိမ်း​ခေါင်း​ဆောင်က ပြန်​ဆောက်ခိုင်းပြီး တံတားဖွင့်ပွဲကို ကိုယ်တိုင်တက်​ရောက်မှာဖြစ်​ပေမယ့် တံတားဖွင့်ပွဲကို ရက်အတိအကျထည့်မကြေညာရဲပဲ လကိုသာ အသိ​ပေးထားပါတယ်။

ရှိန်း/People’s Spring

စစ်အာဏာရှင်​ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်း​ရွှေ လက်ထက် မန္တ​လေးကျုံးအတွင်း အမင်္ဂလာတံတားဆိုပြီး မှားဖျက်မိခဲ့တဲ့ သမိုင်းဝင် စည်ရှည်တံတားကိုအာဏာသိမ်း​ခေါင်း​ဆောင်က ပြန်​ဆောက်ခိုင်းပြီး တံတားဖွင့်ပွဲကို ကိုယ်တိုင်တက်​ရောက်မှာဖြစ်​ပေမယ့် တံတားဖွင့်ပွဲကို ရက်အတိအကျထည့်မကြေညာရဲပဲ လကိုသာ အသိ​ပေးထားပါတယ်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)တည်ရှိတာနန်းတွင်းနဲ့ လမ်း၈၀ကို ဆက်သွယ်ထားတဲ့စည်ရှည်တံတားဖွင့်ပွဲကိုဖေ​ဖော်ဝါရီ ၈ ရက်​နေ့မှာပြုလုပ်သွားမယ်လိုစုံစမ်းသိရပါတယ်။ဒါ​ပေမယ့်စစ်​ကောင်စီဟာစည်းရှည်တံတားဆ်ိုင်းဘုတ်မှာ​ဖေ​ဖော်ဝါရီလ နဲ့ ၂၀၂၅ ခုနှစ်ကိုပဲကြေညာထားတာကို တွေ့ရပါတယ်။ ရက်ကို​တော့မ​ကြေညာပါဘူး။

တံတားဖွင့်ဖို့အတွက်ဆိုင်းဘုတ်ထောင်တာတွေ၊မိုးပျံပူပေါင်းချိတ်တာတွေပြုလုပ်ထားသလို မန္တလေးမြို့အတွင်းမှာလည်း စစ်ကားတွေနဲ့လုံခြုံရေးပိုချထားတာတွေပြုလုပ်ထားတယ်လို့မြို့ခံတွေက​ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ​ဖေ​ဖော်ဝါရီ ၇ ရက်မှာအာဏာသိမ်းခေါင်းဆောင်လာမှာမို့ ဖေဖော်ဝါရီလ၆ရက်နေ့ကတည်းက အမရပူရမြို့အထိ စစ်တပ် တပ်ရင်းတွေကလည်းလမ်းကြောလိုက်လံစစ်ဆေးတာတွေလုပ်ခဲ့တယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

“ဒီနေ့မနက်ကတည်းကစည်ပင်တွေတမြို့လုံး တံမြက်စည်းလှည်း၊ရေတွေဖြန်းနေတာ။ညနေပိုင်းကစပြီးတမြို့လုံးကို စစ်ကားတွေလုံခြုံရေးချထားတယ် “လို့လည်းမြို့ခံတဦးကပြောပါတယ်။

မန္တလေးနန်းမြို့မှာကျုံးကူးတံတား ငါးစင်း ရှိခဲ့ပါတယ်။ဒါ​ပေမယ့် စစ်အစိုးရလက်ထက်မှာ ဗိုလ်ချုပ်မှူးကြီးသန်း​ရွှေ ညွန်ကြားချက်နဲ့ စည်ရှည်တံတားကို ၂၀၁၀ ခုနှစ်မှာ ဖျက်ဆီးခဲ့တာပါ။

အဲမတိုင်ခင်က ဒုတိယကမ္ဘာစစ်မှာလည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါ​သေးတယ်။

ကျုံးအ​နောက်ဘက်က​နေ ဧရာဝတီ မြစ်ကမ်းအထိသွားနိုင်တဲ့ လမ်း(၈၀)နဲ့ (၁၉)လမ်းမှာရှိတဲ့စည်ရှည်တံတားကို ​သီ​ပေါမင်းလက်ထက်မှာ နာ​ရေး​တွေအတွက် အသုံးပြုတဲ့ တံတားဖြစ်သလို ၊သီ​ပေါမင်းပါ​တော်မူတဲ့တံတား ၊အမင်္ဂလာတံတားလို့အထင်မှားပြီးဦးသန်း​ရွှေကဖျက်ဆီးခိုင်းခဲ့တာလို့ မန္တ​လေး ​ဒေသခံတချို့က​ပြောပါတယ် ။အဲဒီတံတားပျက်ရဲ့အုတ်အကျိုးအပဲ့တွေကိုလည်း ဧရာဝတီမြစ်အနီးမှာ မြေမြှုပ်ခိုင်းခဲ့ပါတယ်။

ဒါ​ပေမယ့်သီ​ပေါမင်းလက်ထက်မှာနန်းမြို့က နာ​ရေး​တွေအတွက် အသုံးပြုတဲ့ တံတားဟာလမ်း(၈၀) နဲ့ (၂၂) လမ်းထောင့်ရှိ ကြေးမုံတံတား ခေါ် အာဠဝီတံတားဖြစ်တယ်လို့ ​သမိုင်းပညာရှင်အချို့ နဲ့ ​ဒေသခံ​တွေက ​ပြောပါတယ်။

“အရင်က ၂၂လမ်းမှာတံတားတစ်ခု၊ ၁၉လမ်းမှာတစ်ခုရှိတာ။ ပါတော်မူတာက ၂၂လမ်းတံတားကနေ မြစ်ဆိပ်ကတဆင့် သင်္ဘောနဲ့ပါတော်မူတာ။အဲဒီတံတားကို အမင်္ဂလာတံတားဆိုပြီးဖျက်တာကို ၁၉လမ်းတံတားဖျက်မိပြီး၂၂လမ်းတံတားကိုမဖျက်မိတာ။အဲတာကြောင့်ပြန်ဆောက်တယ်လို့ကြားတယ်”လို့မြို့ခံတဦးကပြောပါတယ်။

ရှေးဘုရင်​တွေလက်ထက်မှာ နာ​ရေး​တွေအတွက် အသုံးပြုခဲ့တယ်ဆိုတဲ့ အာဠဝီ တံတားကို ​ဗေဒင် ၊ယတြာ​တွေအရ အသုံးမပြု​စေချင်​တော့တာ​ကြောင့် စည်ရှည်တံတားပြန်​ဆောက်တာဖြစ်နိုင်တယ်လို့လို့ ​ဒေသခံအချို့ကယူဆ​နေကြပါတယ်။

ဒီတံတားကိုအာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ကယတြာ​ချေဖို့ အခါယူကာ ပြန်လည်တည်ဆောက်ခဲ့ပြီး မကြာခဏလာရောက်စစ်ဆေးတာတွေလည်းပြုလုပ်ခဲ့တယ်လို့ ​ဒေသခံအချို့က​ပြောတယ်။

စည်ရှည်တံတားကို ​ရှေးမူအတိုင်း ပြန်​ဆောက်ဖို့ဆိုပြီး အာဏာသိမ်း​ခေါင်း​ဆောင် မင်း​အောင်လှိုင်ဟာ၂၀၂၄ သြဂုတ်လမှာ လာ​ရောက်ညွန်ကြားခဲ့ပါတယ် ။ဒါအပြင်တံတားတည်​ဆောက်​နေတာကို ဇန်နဝါရီ ၁၀ ရက်​နေ့ မှာ အာဏာသိမ်း​ခေါင်း​ဆောင်နဲ့ စစ်ဗိုလ်ချုပ်​တွေ ကြည့်ရှုခဲ့ကြပါ​သေးတယ်။

စစ်​အာဏာရှင် တွေဟာ လက်နက်အားကိုးနဲ့ အာဏာသိမ်းကြ​လေ့ရှိ​ပေမယ့် သူတို့အာဏာလက်လွတ်ရမှာစိုးတာ​ကြောင့် ဗေဒင် ၊ယတြာ​တွေကိုအလွန်အားကိုးကြ​ပါတယ် ။ အာဏာရှင်ဗိုလ်ချုပ်မှူးကြီး​ဟောင်းဖြစ်တဲ့ ဦးသန်း​ရွှေ ​ရော ၊သူတပြည့် အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင်​တို့​ရောတူညီတဲ့အချက်ဟာ ​​ဗေဒင်၊ယတြာ​တွေ အလွန်အားကိုးသူ ​တွေဖြစ်ပါတယ်။

အာဏာသိမ်း​ခေါင်း​ဆောင်မိသားစုရဲ့ဗေဒင်ယတြာ​တွေ၊အခါ​ပေး အတွက်အားထားရသူတစ်ဦးဖြစ်တဲ့ ဝဇီပိတ် ဆရာ​တော်ဆိုရင်လည်း အာဏာရှင်ကို ယတြားအစီအရင်လုပ်​ပေးရသူ​တွေထဲက တစ်ဦးအဖြစ်လူသိများပါတယ် ။

စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်း​ရွှေက ၂၀၁၀ ခုနှစ်မှာ လက်ရှိအာဏာသိမ်း​ခေါင်း​ဆောင်ဗိုလ်ချုပ်မှူးကြီးမင်း​အောင်လှိုင်ကို တပ်မ​တော်ကာကွယ်​ရေးဦးစီးချုပ် ရာထူးလွှဲ​ပြောင်း​ပေးခဲ့တာဖြစ်ပါတယ် ။

ဒါ​ပေမယ့် ဦးသန်း​ရွှေရဲ့ သားမက် ​ဒေါက်တာ​နေစိုး​မောင်ကို စစ်​ကောင်စီကို ​ဝေဖန်တဲ့ပိုစ်​တွေ ​ရေးလို့ဆိုတဲ့အ​ကြောင်းပြချက်နဲ့ နိုင်ငံ​တော်တည်ငြိမ်​အေးချမ်းမှုပျက်ပြား​စေ​အောင်လှုံ့​ဆော်တယ်ဆိုတဲ့ပုဒ်မနဲ့တရားစွဲပြီးမကြာ​သေးခင်က ထောင် ၃ နှစ်ချပြီး အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင်က ဦးသန်း​ရွှေကို​ကျေးဇူးဆပ်ထားပါတယ်။

နိုင်ငံတစ်ဝန်း ​တော်လှန်​ရေးတပ်​တွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှု​ကြောင့်မြို့ပေါင်း ၉၀ ကျော်လက်လွှတ်ဆုံးရှုံးပြီး အရင်က ငြိမ်သက်​နေတဲ့ ဧရာဝတီတိုင်း မှာပါတိုက်ပွဲ​တွေစဖြစ်​နေပြီဖြစ်ပါတယ်။ နိုင်ငံတစ်ဝန်း တိုက်ပွဲ​တွေ ပြင်းထန်​နေချိန်မှာနန်းမြို့ရိုးတံတား​ဆောက်တာကို အ​ရေးတကြီးလုပ်​နေတာဟာ ယတြာ​ချေတာမို့လို့ မြို့ခံအချို့က​ပြောပါတယ်။

ဒီတံတားကို ပြန်​ဆောက်ဖို့ ၂၀၂၄နှစ်လယ်ပိုင်းက ၁၉လမ်းအရှေ့ထိပ်၊မြို့ပတ်လမ်း-သံလမ်း(ပုသိမ်ကြီးမြို့ကိုထွက်တဲ့နေရာ)အနီးက နေအိမ်တွေနဲ့ စျေးကိုပါ အာဏာသိမ်းခေါင်းဆောင်အမိန့် နဲ့ ဘူဒိုဇာနဲ့ထိုးချဖျက်ဆီးခဲ့ပါတယ်။

တံတားဆောက်လုပ်ချိန်မှာလည်းစစ်တပ်လုံခြုံရေးပေးပြီး လူအင်အားများစွာနဲ့အမြန်ဆောက်လုပ်ခဲ့တာလို့ မြို့ခံတွေကပြောပါတယ်။

အာဏာသိမ်း​ခေါင်း​ဆောင် တံတားဖွင့်ပွဲလုပ်မယ့်အချိန်ဟာ မန္တ​လေးမြို့လယ်က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ မိုင် ၂၀ ​​​​ကျော်ပဲ​ဝေးတဲ့ မတ္တရာမြို့နယ်မှာ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(မန္တ​လေး) နဲ့ စစ်​ကောင်စီတပ်တို့ကြား တိုက်ပွဲ​တွေ ဖြစ်ပွား​နေချိန်ဖြစ်ပါတယ်။ ။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးနန်တွင်း ကျုံး အနောက်ဖက်ခြမ်းက စည်ရှည် တံတား ဖွင့်ပွဲကို မနက်ဖြန်( ဖေဖော်ဝါ ရီ ၈ ရက်) မနက်ပိုင်းမှာပြုလုပ်မှာဖြစ်ပြီး အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် တက်ရောက်မယ်လို့ မန္တလေး စစ်ကောင်စီအုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူထံကတဆင့်သိရပါတယ်။

သတင်း

မန္တလေးမြို့၊ပုသိမ်ကြီးမြို့နယ်ထဲက ကျေးရွာတွေမှာ ၃ရက်အတွင်း အမျိုးသား၈ဦးပေါ်တာဆွဲခံရတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

မန္တလေးမြို့တွင် သပိတ်အင်အားစုမှ လူငယ်များ ဦးဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုံဆော်သည့်လှုပ်ရှားမှုကို ယနေ့ (ဇန်နဝါရီ ၂၄)မန္တ​လေးကျုံးအနီးပြုလုပ်ခဲ့သည်။

သတင်း

နေ့ညမရွေးလိုက်ဖမ်းနေဟု မန်းသပိတ်အင်အားစု အသိပေး