close
Connect with us

Hi, what are you looking for?

သတင်း

နတ်တလင်းစစ်ရှောင်မိသားစု ၄၀၀ကျော်ကို ဗျူဟာ (၂၂) က တစ်အိမ်ထောင် ကျပ် ၂သိန်းကျော်နှုန်းထောက်ပံ့

ပဲခူးတိုင်း နတ်တလင်းမြို့နယ်က စစ်ရှောင်ပြည်သူတွေကို တစ်အိမ်ထောင် ကျပ် ၂သိန်း ၁သောင်းနှုန်းဖြင့် အိမ်ထောင်စု ၄၀၀ ကျော် ထောက်ပံ့ ပေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပဲခူးတိုင်း စစ်ဌာန ဗျူဟာ (၂၂) က ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - Saw James

မေ ၁၈၊ ၂၀၂၆။ ထားမြတ်/People’s Spring

ပဲခူးတိုင်း နတ်တလင်းမြို့နယ်က စစ်ရှောင်ပြည်သူတွေကို တစ်အိမ်ထောင် ကျပ် ၂သိန်း ၁သောင်းနှုန်းဖြင့် အိမ်ထောင်စု ၄၀၀ ကျော် ထောက်ပံ့ ပေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပဲခူးတိုင်း စစ်ဌာန ဗျူဟာ (၂၂) က ထုတ်ပြန်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန စီမံမှု၊ ပြည်တွင်း/ပြည်ပ ထောက်ပို့အလှူရှင်တွေ လှူဒါန်းလာတဲ့ ထောက်ပို့ငွေများအား နတ်တလင်းမြို့နယ်ရှိ စစ်ဘေးရှောင်မိသားစုများထံ ထောက်ပံ့ပေးအပ်ခဲ့တာ ဖြစ်ပြီး အခုတစ်ကြိမ်မှာ အိမ်ထောင်စု ၄၁၅ စုအတွက် ကျပ်သိန်း ၈၀၀ ကျော် ပံ့ပိုးပေးခဲ့တာလို့ အသိပေးပါတယ်။

နတ်တလင်းမြို့နယ်မှာ စစ်ဘေးရှောင် အိမ်ထောင်စုပေါင်း (၃၀၀၀) ကျော်ရှိလို့ ကျန် အိမ်ထောင်စုတွေ ဆက်လက်ကူညီပေးနိုင်ဖို့ ဝန်းရံ ထောက်ပံ့ ပေးကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

Public Service Announcement

Public Service Announcement

အခု ထောက်ပံ့မှုကို စစ်ရှောင်ပြည်သူများလက်ဝယ် အမြန်ဆုံးရောက်ရှိ ဖြန့်ဝေပေးနိုင်ရန်အတွက် အားဖြည့်ပါဝင်ပေးခဲ့ကြတဲ့ ဗျူဟာ (၂၂) ကွပ်ကဲမှုအောက်ရှိ (၃၈၀၁) တပ်ရင်း၊ ပကဖတပ်ဖွဲ့ဝင် များနဲ့ ထောက်ပို့အလှူရှင်များ အယောက်စီတိုင်းကို ကျေးဇူးတင်ကြောင်းလည်း ဗျူဟာ (၂၂) က ထုတ်ပြန်ထားပါတယ်။

နတ်တလင်းမြို့နယ်မှာ စစ်တပ် စစ်ကြောင်းဝင်ရောက်စဉ် ဒေသခံနေအိမ်တွေကို မီးရှို့တာ ဖမ်းဆီးသတ်ဖြတ်တာတွေ ကျူးလွန်ခဲ့လို့ ပြည်သူအများအပြား စစ်ရှောင်နေကြရတာပါ။ စစ်ရှောင်ပြည်သူတွေကို အရင်ကလည်း ပံ့ပို့မှုအချို့ ပြုလုပ်ခဲ့ကြောင်း ဒေသခံ ကာကွယ်ရေးတပ်တွေက အသိပေးထားပါတယ်။

ဒေသခံ ကာကွယ်ရေးတပ်တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ လူသားစာနာ‌ ထောက်ထား‌ရေး ဦးစီဌာနတို့ ပူးပေါင်းပြီး လူထုတွေကို ဆန်ရိက္ခာ ပေးတာတွေ ပြုလုပ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

မနက်ကတည်းက ဝမ်းဗလာနဲ့ တောင်သူလုပ်ခဲ့ရတာတော့ ဝမ်းက ဟာလှလေပြီ။ ချက်ပြုတ်နေတယ်ဆိုလို့ ဖွယ်ဖွယ်ရာရာ ဟင်းတွေ မထင်လိုက်ပါနဲ့။ မိသားစုဝင်လေးယောက်ရှိတဲ့ သူတို့အတွက် ဟင်းက ကြက်ဥပြုတ်ကလေးနှစ်လုံးရယ်ပါ။

သတင်း

ကရင်ပြည်နယ်၊ ဘားအံ(ဖားအံ)မြို့နယ် နို့ဘယ်ဘောကျေးရွာအုပ်စု မဲ့ဘောခီးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူသေဆုံးထိခိုက်မှုရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ယင်းမာပင်ခရိုင်၊ကနီမြို့နယ်ထဲမှာအာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးနေတာကြောင့်ကျေးရွာ ၄၀ ခန့်ကဒေသခံပြည်သူသုံးသောင်းကျော်စစ်ရှောင်နေရပြီးနေထိုင်စားသောက်ရေးအခက်ကြုံနေရတယ်လို့စစ်ရှောင်အရေးကူညီသူအချို့ထံကသိရပါတယ်။

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်က စစ်တပ်စစ်ကြောင်း ကျောက်ထုမြို့နဲ့ မိုင်(၂၀)ခန့်အကွာ ရောက်လာလို့ ဒေသခံ ၅၀၀၀နီးပါး ဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။