close
Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေးတရပ်လုံးကိုယ်စားပြုနိုင်တဲ့ ဦးဆောင်မှုဖြစ်ရေး တက်ကြွစွာပူးပေါင်းမယ်လို့ ပအိုဝ်း PNLO ထုတ်ပြန်

စစ်အာဏာရှင်စနစ်ဆိုးကို ဆန့်ကျင်ကြောင်းနဲ့ တော်လှန်ရေးတရပ်လုံးကိုယ်စားပြုနိုင်တဲ့ ခိုင်မာကျယ်ပြန့်အားကောင်းတဲ့ ဦးဆောင်မှု ဖြစ်ပေါ်ရေး တက်ကြွစွာ ပူးပေါင်းဆောင်ရွက်မယ်လို့ ပအိုဝ်းမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA)ရဲ့ ဗဟိုကော်မတီမျက်နှာစုံညီအစည်းအဝေးက ထုတ်ပြန်ကြေညာပါတယ်။

(ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - PNLA)

မေ ၁၈၊ ၂၀၂၆။ ထားမြတ်/People’s Spring

စစ်အာဏာရှင်စနစ်ဆိုးကို ဆန့်ကျင်ကြောင်းနဲ့ တော်လှန်ရေးတရပ်လုံးကိုယ်စားပြုနိုင်တဲ့ ခိုင်မာကျယ်ပြန့်အားကောင်းတဲ့ ဦးဆောင်မှု ဖြစ်ပေါ်ရေး တက်ကြွစွာ ပူးပေါင်းဆောင်ရွက်မယ်လို့ ပအိုဝ်းမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA)ရဲ့ ဗဟိုကော်မတီမျက်နှာစုံညီအစည်းအဝေးက ထုတ်ပြန်ကြေညာပါတယ်။

PNLO ဗဟိုကော်မတီ မျက်နှာစုံညီအစည်းအဝေးကို မေလ ၁၁ရက်ကနေ ၁၅ရက်နေ့အထိ ၅ရက်ကြာ ကျင်းပခဲ့ပြီး အခုလို သဘောထား ဖော်ပြခဲ့တာပါ။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ ကရင်၊ ကချင်၊ ကရင်နီ၊ ချင်း စတဲ့ အဖွဲ့ ၆ခုက ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ဖွဲ့စည်းကြောင်း ကြေညာပြီး SCEF စုဖွဲ့မှုမှာ အဖွဲ့ဝင်သစ်တွေ ထပ်တိုး ပါဝင်ရေး ဆောင်ရွက်နေချိန် ပအိုဝ်း PNLO က အခုလို သဘောထား အသိပေးခဲ့တာလည်းဖြစ်ပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံသစ်ပေါ်ထွန်းရေးရည်မှန်းချက်ကို မြဲမြံစွာ ဆုပ်ကိုင်ပြီး ပအိုဝ်းအ ပါအဝင်လူမျိုးပေါင်းစုံ ပြည်သူလူထုအား ရန်သူသတ်မှတ် အနိုင်ကျင့် ဗိုလ်ကျဖိနှိပ်နေသော စစ်အုပ်စုနဲ့ စစ်အာဏာရှင်စနစ်ဆိုးကို ဆန့်ကျင်တော်လှန်၍ စနစ်ပြောင်းခေတ်ပြောင်းလူထုနွေဦးတော်လှန်ရေးတွင် ဆက်လက်ပူးပေါင်း ဆင်နွှဲသွားမယ်လို့လည်း ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်အုပ်စုမှပြုလုပ်လာမည့် NCA အမည်ခံ အတုအယောင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား သတိကြီးစွာဖြင့် ရှောင်းရှား၍ NCA တွင် အသိသက်သေအဖြစ် လက်မှတ်ရေးထိုးခဲ့ကြသော ကမ္ဘာ့ကုလသမဂ္ဂ၊ ဥရောပ သမဂ္ဂ၊ အာဆီယံ နဲ့ ကမ္ဘာ့နိုင်ငံအစိုးရများ အပါဝင် နိုင်ငံတကာမိသားစုများနဲ့အတူ ပူးပေါင်းဆန့်ကျင် တိုက်ပွဲဝင်ပြီးရေရှည်တည်တံ့ခိုင်မြဲသော စစ်မှန်တဲ့ ငြိမ်းချမ်းရေးရရှိရေး ဆက်လက်လုပ်ဆောင်မယ်လို့ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် စစ်ဘေးစစ်ဒဏ် ခံနေရသော ပအိုဝ်းအပါအဝင် လူမျိုးပေါင်းစုံပြည်သူလူထုတစ်ရပ်လုံးအတွက် လူသား ချင်းဆိုင်ရာ အကူအညီများရရှိရေး၊ တော်လှန်ရေးအထောက်အကူပြု အကူအညီများရရှိရေး လုပ်ငန်းစဉ် များတွင် ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း PNLOက အသိပေးပါတယ်။

PNLO ရဲ့ အခုထုတ်ပြန်ချက်မှာ “ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) နှစ်တပ်၊ ဗိုလ်မှူးကြီး ခွန်ဥက္ကာ ဦးဆောင် သော ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်နှင့် ဗိုလ်မှုးကြီးခွန်သူရိန် ဦးဆောင်သော ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်ဟူ၍ ရေးသားမှုများကိုလည်း ရှင်းလင်းထားပါတယ်။

PNLO/PNLA နှစ်ဖွဲ့ရှိတာ မဟုတ်ဘဲ အရင်က ခေါင်းဆောင်မှုမှာ ပါဝင်ခဲ့တဲ့ ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာအပါအဝင် ၃ဦးကို အဖွဲ့က ထုတ်ပြန်ထားပြီးဖြစ်ကြောင်းကို ထပ်လောင်းအသိပေးထားပါတယ်။ PNLO ဦးဆောင်နာယက အဖြစ်တာဝန်ယူခဲ့ဖူးတဲ့ ဗိုလ်မှူးကြီးခွန်ဥက္ကာဟာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ ထိတွေ့ဆက်ဆံတွေ့ဆုံတာ စစ်အုပ်စုရဲ့ ဟန်ပြ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာပါဝင်တာတွေ ပြုလုပ်နေသူဖြစ်ပါတယ်။

အဲဒီလို လုပ်ဆောင်မှုတွေကြောင့် ၂၀၂၄ အောက်တိုဘာက PNLO/PNLA ရဲ့ တတိယအကြိမ်ညီလာခံသက်တမ်း ဗဟိုကော်မတီနဲ့ တပ်မှူးများ အရေးပေါ် အစည်းအဝေးက ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာ အပါအဝင် သုံးဦးကို တပ်ဖွဲ့ဝင်အဖြစ်က ထုတ်ပယ်ထားတာပါ။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့အာဏာကို ပြည်သူ့ထံ မလွဲမသွေ ပြန်လည်အပ်နှင်းနိုင်ရေးအတွက် တိုင်းရင်းသားညီနောင် မဟာမိတ်တပ်ဖွဲ့ တွေနဲ့အတူ စုစုစည်းစည်းနဲ့တိုက်ပွဲဝင်ကြဖို့အမျိုးသားညီညွတ်ရေးအစိုးရ၊ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခြင်းတိုက်တွန်းပါတယ်။

သတင်း

တော်လှန်ရေး (၅)နှစ်ကျော်တဲ့အထိ စိတ်ဓာတ်မကျဘဲပါဝင်နေတဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM)ဝန်ထမ်းတွေ စည်းလုံးကြဖို့ ဂုဏ်ပြုတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ကရင်နီပြည်နိုင်ငံ့ဝန်ထမ်းအကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကောင်စီ (KSCSC-CDM) တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း(၃)ထံသို့ ဒုတိယအကြိမ်အဖြစ် လက်နက်များ တပ်ဆင်ပေးအပ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ တနင်္သာရီတိုင်းစစ်ဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

မြန်မာနှစ်သစ် ၁၃၈၈ ခုနှစ်ဟာ မိဘပြည်သူတို့ မျှော်ရည်တဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ပြီး တော်လှန်ရေးအောင်ပွဲသို့ အရောက်လှမ်းနိုင်တဲ့ နှစ်တနှစ်ဖြစ်စေဖို့ အစွမ်းရှိသ​ရွေ့အားထုတ်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ နှစ်သစ်ကူး ဆုမွန်မှာ ရေးသား ဖော်ပြအသိပေးပါတယ်။