close
Connect with us

Hi, what are you looking for?

သတင်း

ကရင်နီပြည်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေ ပစ်မှတ်ထားတိုက်ခိုက်နေဟု KnHRG ထုတ်ပြန်

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

(ဒီးမော့ဆို-ဖရူဆို လမ်းပိုင်းမှာ စစ်တပ်စစ်ကြောင်းထိုးလာလို့ တိမ်းရှောင်နေရတဲ့ ပြည်သူတွေကိုတွေ့ရစဥ်။ ဓာတ်ပုံ - CTER-Karenni)

မေ-၁၆၊၂၀၂၆။ဇော်ဝင်း၊People’s Spring

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်တပ်ရဲ့ ပိတ်ဆို့တိုက်ခိုက်မြှတွေကြောင့် ဒေသခံလူထုနဲ့ စစ်ရှောင်တွေပြည်သူတွေရဲ့ ဝင်ငွေရရှိမှု မရှိတာ ၊ကုန်စည်ဈေးနှုန်းတွေ အဆမတန် မြင့်တက်လာတာတွေကြောင့် စားဝတ်နေရေး အခက်အခဲတွေ ပိုမိုပြင်းထန်လာနေပြီး ရှေ့ဆက် အငတ်ဘေး ကြုံတွေ့လာနိုင်တဲ့ အခြေအနေကို စိုးရိမ်ဖွယ် တွေ့ရှိရတယ်လို့ ဆိုပါတယ်။

“ တစ်ချို့ လယ်ပြန်သိမ်းချင်တာ ခြံလေးပြန်ကြည့်ကြရင် မိုင်းထိတာမျိုး ဒရုန်းနဲ့ လိုက်လို့ပြေးရတာမျိုးတွေဖြစ်တယ်။ ခြေလက်တွေ အသက်တွေပေးလိုက်ရတာမျိုးတွေရှိတယ်” ဒီးမော့ဆိုမြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်က ကရင်နီပြည်နယ်က အဓိကကျတဲ့ လမ်းပိုင်းတွေကို ပြန်လည်ထိန်းချုပ်ဖို့နဲ့ နေ့စဥ် ဒရုန်း၊လေကြောင်း ထိန်းချုပ်ဖို့ ကြိုးစားနေတာအပြင် ဒီးမော့ဆို ၊ဖရူဆို နဲ့ ဖယ်ခုံမြို့နယ်တွေမှာ စစ်အင်အား ဖြည့်တာ၊စစ်ကြောင်းထိုးတာတွေကြောင့် တိုက်ပွဲ ပြန်လည်ပြင်းထန်နိုင်တယ်လို့ KnHRG က အသိပေးပါတယ်။

ကရင်နီပြည်ရဲ့ လူမှုစီးပွားအခြေအနေတွေက တိုးတက်လာတာမရှိဘဲ ပိုမိုကြပ်တည်းလာတဲ့ စားဝတ်နေရေး အခက်အခဲတွေကို လူထုကဆက်လက်ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

လူထုက ဒေသခံအရင်းအမြစ်တွေနဲ့ ရပ်တည်နိုင်ဖို့ကြိုးပမ်းနေပေမယ့် အရေးပေါ် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေနဲ့ လုံခြုံရေးကာကွယ်မှုတွေ လိုအပ်နေဆဲလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စက်သုံးဆီစျေးမြင့်တက်တာ၊စိုက်ပျိုးစရိတ်ရင်းနှီးငွေ မရှိတာတွေနဲ့ ကုန်စည်စီးဆင်းမှု အကန့်အသတ်နဲ့ ဝင်ရောက်တာတွေကြောင့် အခြေခံစားသောက်ကုန်နဲ့လူသုံးကုန်စျေးနှုန်းတွေက ပိုမြင့်လာနေတယ်လို့ လည်း ဒေသခံတွေက ဆိုပါတယ်။

“ စျေးတွေတက်တာတော့ ကြာပြီ။တခြားဒေသတွေထက်လည်း စျေးကများတယ်။ဆီ(စက်သုံးဆီ တစ်လီတာ)ကလည်း တစ်သောင်းနားဖြစ်နေတယ်။ ဆန်ကလည်း အကြမ်းတအိတ်တောင် နှစ်သိန်းဝန်းကျင်ရှိလာတယ်” လို့ ကရင်နီပြည်နယ်က အသက်(၃၀)အရွယ် စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

ကရင်နီလူထုအတွက် အရေးပါတဲ့ လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို-ဘောလခဲ လမ်းပိုင်းနဲ့ ဘောလခဲ-ဖားဆောင်း မြိိို့ လမ်းတွေကို စစ်တပ်က ထိန်းချုပ်ဖို့ ကြိုးစားနေတာလို့ သိရပါတယ်။

“ မော်ချီးကတော့ ကရင်နီပြည်နယ်မှာ ငွေရတဲ့ အဓိကလမ်းကြောင်းပေါ့။စစ်တပ်က အဲဒါကို ဖြတ်တောက်ပစ်ချင်တာ” လို့ ကရင်နီစစ်ရှောင်အရေးကူညီနေသူက ပြောပါတယ်။

လက်ရှိ ကရင်နီပြည်နယ်မှာ ကြုံတွေ့နေရတဲ့ ဆိုးရွာတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နိုင်ငံတကာ အသိုင်းအဝိုင်းက အရေးပေါ်အခြေအနေအဖြစ် အသိအမှတ်ပြုပေးဖို့ နဲ့ စစ်ဘေးရှောင် နှစ်သိန်း ကျော်အတွက် အရေးပေါ်လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ အတွက်ညှိနှိုင်းပေးဖို့ KnHRG က တိုက်တွန်းပါတယ်။

ဒါ့အပြင် စစ်တပ်နဲ့ဆိုင်တဲ့ စီးပွားရေးလုပ်ဖော်ကိုင်ဖက်တွေ၊ လက်နက်ရောင်းဝယ်ရေးကွန်ယက်တွေ အပါအဝင် စစ်တပ်ခေါင်းဆောင်ပိုင်းနဲ့စစ်ဘက်ဆိုင်ရာစီးပွားရေးလုပ်ငန်းတွေကို ပစ်မှတ်ထားအရေးယူတာတွေ ထပ်မံချမှတ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

KnHRG ရဲ့ စာရင်းတွေအရ အခုနှစ် လေးလပတ်အတွင်းမှာ ကရင်နီပြည်နယ်က နေအိမ်နဲ့ အဆောက်အဦး ၁၄၁ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး လေကြောင်း၊ဒရုန်း တိုက်ခိုက်မှု ၃၆ကြိမ်နဲ့ လက်နက်ကြီး ပစ်ခတ်မှု ၃၁ ကြိမ်မှာ အရပ်သား ၂၇ ဦးသေဆုံးပြီး ၆၆ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား ၃၀ကျော်ဟာ အရက်ပြတ်သွားလို့ အရက်ပျံ ဆားခပ်ပြီး အရက်အဖြစ်သောက်ရာက ပိုးသတ်ဆေးနဲ့ မှားသောက်မိလို့ စစ်သား ၇ဦး သေဆုံးကာ တချို့မှာ ဆေးရုံပို့ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က လူတင်မှူကြီးကြပ်ရေးဦးစီးဌာန(လဝက)နဲ့ပေါင်းပြီး စစ်မှုထမ်း အကျုံးဝင်သူအားလုံးကို မှတ်ပုံတင်ဖို့ စီစဉ်နေပြီး အလှည့်ကျဆင့်ခေါ်ဖို့ စီစဥ်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် သမင်ခြံရွာကို ဝင်ရောက်ခဲ့တဲ့ စစ်တပ်စစ်ကြောင်းဟာ ဒေသခံ အမျိုးသား၁၀ဦးကို ဖမ်းဆီးသွားပြီး အခုအထိ ဖမ်း‌ဆီးခံရသူတွေရဲ့သတင်းအစအန ပျောက်နေတယ်လို့ ဒေသခံတွေ‌က ပြောပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့ကို စစ်တပ်က ဒီကနေ့ မေလ ၁၅ရက်မနက်ပိုင်းမှာ ဂျက်ဖိုက်တာ ၂စီးနဲ့ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။