close
Connect with us

Hi, what are you looking for?

သတင်း

ဘားအံမြို့နယ်ကို စစ်တပ် ဗုံးကြဲလို့ စစ်ရှောင်အမျိုးသမီး တစ်ဦးသေဆုံး၊ ကလေးငယ်အပါအဝင် ၅ဦး ဒဏ်ရာရ

ကရင်ပြည်နယ်၊ ဘားအံ(ဖားအံ)မြို့နယ် နို့ဘယ်ဘောကျေးရွာအုပ်စု မဲ့ဘောခီးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူသေဆုံးထိခိုက်မှုရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

(စစ်တပ် ဗုံးကြဲတိုက်ခိုက်လို့ ဒဏ်ရာရသူ ၂ဦးကို တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့)

မေ-၁၃၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်ပြည်နယ်၊ ဘားအံ(ဖားအံ)မြို့နယ် နို့ဘယ်ဘောကျေးရွာအုပ်စု မဲ့ဘောခီးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူသေဆုံးထိခိုက်မှုရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

မေလ ၁၂ရက် ညသန်းခေါင်မှာ တိုက်လေယာဉ်နဲ့ ဗုံး ၁လုံး လာကြဲတာဖြစ်ပြီး မိန်းကလေးငယ် တစ်ဦး သေဆုံးကာ ၅ဦး ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲမရှိဘဲ စစ်တပ်က ပြည်သူနေထိုင်ရာကျေးရွာကို ဗုံးကြဲခဲ့တာ ဖြစ်တယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံးသူ မိန်းကလေးငယ်ဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၅) နယ်မြေ ဖာပွန်ခရိုင်ကနေ တပ်မဟာ(၁)နယ်မြေ ဒူးသထူခရိုင် ကို လာရောက်ခိုလှုံနေတဲ့ စစ်ရှောင်ဖြစ်တယ်လို့ ပြောပါတယ်။

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၅ဦးထဲမှာ အသက် (၄)နှစ်နဲ့ (၆)နှစ်အရွယ် ကလေးငယ် ၂ဦးလည်း ပါဝင်ပါတယ်။

စစ်တပ်ဟာ တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ဘီးလင်းမြို့နယ်နဲ့ ဘားအံမြို့နယ်တွေကို လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်။

အထူးသဖြင့် ဘီးလင်းမြို့နယ် လေးကေတပ်စခန်း သိမ်းပိုက်ခံရပြီး ဝင်းတာပန်စခန်း တိုက်ခိုက်ခံရတဲ့ အခြေအနေမျာ စစ်တပ်ဘက်က ဘီးလင်းမြို့နယ် ဝင်းတာပန်ရွာ၊ မြစ်ကျိုးရွာ ၊ လေးကေရွာ တွေအပါအဝင် ဒေသတွင်းမှာ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထား လေကြောင်းဗုံးကြဲတာ လက်နက်ကြီး ပစ်ခတ်တာ၊ အရပ်သားတွေကို ဖမ်းဆီးတာ သတ်ဖြတ်တာတွေ ကျူးလွန်လျက်ရှိပါတယ်။

မေလ ၉ရက်ကလည်း ဘီးလင်းမြို့နယ် လေးကေဒေသမျာ စစ်ရှောင်တွေရဲ့ မော်တော်ယာဉ်တစီးကို ရပ်ခိုင်းပြီး စစ်ကောင်စီက ပစ်ခတ်ရာ ကလေးငယ် အပါအဝင် သားအမိနှစ်ဦးသေဆုံးကာ ၂ဦး ဒဏ်ရာရပြီး ၄ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ စစ်ကောင်စီဟာ စစ်ရှောင်တွေမှန်း သိလျက် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့လည်း ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က သက်တမ်းနှစ်(၆၀)ကျော်ရှိတဲ့ ဒေါငံခါးရွာက ကက်သလစ်အသင်းတော်ဘုရားကျောင်းကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့အနောက်ခြမ်းက ဘုတ်ထန်းကျေးရွာကို ဒီနေ့ မေလ ၁၃ရက်ညနေပိုင်းမှာ စစ်တပ်က ဂျက်ဖိုက်တာ ၂စီးနဲ့ ဗုံးကြဲတိုက်ခိုက်သွားပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က အင်းတော်မြို့နယ်မှာ အရပ်သားတွေရှိတဲ့ ကျေးရွာတွေအနီး မြေမြှုပ်မိုင်းတွေထောင်ထားတာကြောင့် ဒီရက်ပိုင်းမှာပဲ မိုင်းပေါက်ကွဲလို့ ဒေသခံတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာအပြင်းအထန်ရရှိသွားပါတယ်။

သတင်း

စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ ဆက်ရှိနေပြီး အာဆီယံဘုံသဘောတူညီချက် ၅ရပ်ကို အပြည့်အဝ မဖော်ဆောင်သေးရင် စစ်တပ်ရွေးကောက်ပွဲတွေကို အသိအမှတ်ပြုဖို့ ခဲယဥ်းလိမ့်မယ်လို့ အာဆီယံအထူးကိုယ်စားလှယ်က ရန်ကုန်လွှတ်တော်ကို စာပို့ခဲ့ကြောင်း သိရပါတယ်။